အမေရိကန်အစိုးရက အကြမ်းဖက်အဖြစ်သတ်မှတ်ထားသော HTS အဖွဲ့နှင့် ပထမဆုံးအကြိမ်ဆက်သွယ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅

အမေရိကန်နိုင်ငံသည် ဆီးရီးယားသမ္မတ အာဆတ်ကို ဖြုတ်ချခဲ့သော HTS လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်ခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် HTS အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီးနောက် HTS အဖွဲ့ကို ပထမဆုံးအကြိမ်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလီကန်က ပျောက်ဆုံးနေသော အမေရိကန်သတင်းထောက်နှင့်ပတ်သက်ပြီး ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ဂျော်ဒန်နိုင်ငံတွင် ဆီးရီးယားနိုင်ငံ အနာဂတ်အရေးနှင့်ပတ်သက်ပြီး အာရပ်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ပြီးခဲ့သောရက်ပိုင်းတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတက်ရောက်လာသောနိုင်ငံများက ဆီးရီးယားကို ငြိမ်းချမ်းစွာအသွင်ကူးပြောင်းခြင်းကို အားပေးထောက်ခံရန် သဘောတူညီခဲ့သည်။

အဆိုပါအစည်းအဝေးကို HTS အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိသေးကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံရေးအတွက် ငြိမ်းချမ်းစွာအသွင်ကူးပြောင်းမှုများကို အကြမ်းဖက်တိုက်ခိုက်ခြင်းများ ခွင့်ပြုမည်မဟုတ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

HTS အဖွဲ့သည် ဆီးရီးယားသမ္မတ အာဆတ်ကို ဖြုတ်ချနိုင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းတည်ထောင်ရန်စီစဥ်နေပြီး အာဆတ်ဦးဆောင်သော အစိုးရအဖွဲ့တွင်ပါဝင်ခဲ့သော ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com

အမေရိကန်အစိုးရက အကြမ်းဖက်အဖြစ်သတ်မှတ်ထားသော HTS အဖွဲ့နှင့် ပထမဆုံးအကြိမ်ဆက်သွယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.