ဝါရှင်တန်၊ ဒီဇင်ဘာ ၂
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အခွန်တိမ်းရှောင်မှု၊ လက်နက်မှုများဖြင့် စွဲချက်တင်ခံရပြီး ပြစ်ဒဏ်ရင်ဆိုင်ခံရဖွယ်ရှိနေသော သားဖြစ်သူဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ပြောသည်။
အသက် ၈၀ ကျော်အရွယ်ရှိ ဂျိုးဘိုင်ဒန်သည် သမ္မတရာထူးမှအနားမယူခင်လပိုင်းအလိုတွင် သားဖြစ်သူ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျိုးဘိုင်ဒန်က “ ကျွန်တော်ဟာ ဒီနေ့မှာ သားဖြစ်သူဟန့်တာဘိုင်ဒန်အတွက် လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ရေးထိုးလိုက်တယ်။ ခြွင်းချက်မရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပုံစံပါ။” ဟု သတင်းထုတ်ပြန်ထားသည်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော ဂျိုးဘိုင်ဒန်၏လုပ်ရပ်ကို တားမြစ်ပိုင်ခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။
ဂျိုးဘိုင်ဒန်သည် သားဖြစ်သူဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းကြောင့် သမ္မတရွေးကောက်ပွဲမတိုင်မီနှင့် သမ္မတရွေးကောက်ပွဲအပြီးတွင် အများပြည်သူကိုပေးခဲ့သောကတိများကို ပယ်ချလိုက်ခြင်းဖြစ်သည်။
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရပြီးနောက် ဂျိုးဘိုင်ဒန်က ၎င်းအနေဖြင့် သားဖြစ်သူ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာမဟုတ်ကြောင်း ပြောခဲ့ဖူးသည်ဟု အမေရိကန်မီဒီယာများက ဖော်ပြထားသည်။
အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဟန်တာဘိုင်ဒန်ကို ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး တရားစွဲဆိုခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။
တရားသူကြီးများသည်လည်း ဟန်တာဘိုင်ဒန်၏အမှုကိစ္စကို ကြားနာစစ်ဆေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
cnn.com
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သားဖြစ်သူဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်