အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နယူးယောက်မြို့တရားသူကြီးများကို ဝေဖန်ပြစ်တင်

နယူးယောက်၊ မေ ၃၁

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၎င်းကိုစီးပွားရေးနှင့်ပတ်သက်သော စာရွက်စာတမ်းများကို လိမ်လည်မှုများလုပ်ဆောင်ခဲ့သည်ဆိုသော စွဲချက်ပေါင်း ၃၄ နှင့်ပတ် သက်ပြီး နယူးယောက်မြို့တရားရုံးက ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နယူးယောက်မြို့တရားရုံးသည် ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသော စွဲချက်များကို လက်ခံစစ်ဆေးခဲ့ပြီးနောက် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု လက်ခံယုံကြည်ခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်က နယူးယောက်မြို့တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံယုံကြည်မှုမရှိကြောင်း၊ တရားသူကြီးအဖွဲ့ ဥက္ကဌဖြစ်သူ မာချန်ကိုလည်း ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတသမိုင်းတွင် ရာဇဝတ်မှုများကျူးလွန်သည်ဟု လက်ခံယုံကြည်ရသော ပထမဆုံးသမ္မတဖြစ်လာခဲ့ကြောင်း သိရသည်။

နယူးယောက်မြို့တရားရုံးသည် ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသော စွဲချက်များနှင့်ပတ်သက်ပြီး ဇူလိုင် ၁၁ ရက်နေ့တွင် အပြီးသတ်အမိန့်ချဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဒေါ်နယ်ထရမ်သည့် နိုဝင်ဘာလအတွင်းကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် မဲဆွယ်စည်းရုံးမှုများ ဆက်လက်လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရ သည်။

တရားရုံးသည် ဒေါ်နယ်ထရမ့်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့သော စတွန်မီ ဒန်နီရယ်အပါအဝင် လူပေါင်း ၂၂ ဦးကို သီတင်းပတ်ခြောက်ပတ်ကြာ စုံ စမ်းစစ်ဆေးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ကို ရာဇဝတ်မှုကျူးလွန်သည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသော စွဲချက်ပေါင်း ၃၄ ခုကို စစ်ဆေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်ကကျင်းပသော သမ္မတရွေးကောက်ပွဲမတိုင်ခင် အပြာမယ်တစ်ဦးကို နုတ်ပိတ်ရန် ငွေ ကြေးပေးသည်ဆိုသေ ာစာရွက်စာတမ်းများနှင့်ပတ်သက်ပြီး အပြစ်ရှိကြောင်း အမေရိကန်တရားသူကြီးများက ပြောသည်။

ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ပြီးနောက်ပိုင်း မျှော်လင့်မထားသော စွဲချက်တင်မှုများဖြင့် ရင်ဆိုင်ခဲ့ရပြီး ၎င်းသည် အမေရိကန် ရီပတ်ဘလီကန်ပါတီကိုယ်စားပြုခွင့်ရရှိရေး ကြိုးပမ်းနေရာ ပါတီအတွင်းယှဉ်ပြိုင်မှုများတွင် ထိပ်ဆုံးမှဦးဆောင်နေသည်။

ကောင်းထက်ငွေ

bbc.com/news

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နယူးယောက်မြို့တရားသူကြီးများကို ဝေဖန်ပြစ်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.