အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု သမ္မတလောင်း ဒီဆန်းတစ် ဆို

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ဒီဆန်းတစ်က လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီကိုယ်စားပြုပြီး သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့်အစီအစဉ်ကို ရပ်နားလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဒီဆန်းတစ်သည် ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသော သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းခဲ့ပြီး၊ သမ္မတဟောင်းဒေါ်နယ်ထရမ့်၊ သံအမတ်ကြီး နီကီဟာလေးတို့ နှင့် အကြိတ်အနှယ်ယှဉ်ပြိုင်ခဲ့ပြီးနောက် သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့်အစီအစဉ်ကို ရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရရန် ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ်လောင်းများသည် ပါတီအတွင်း အကြိတ်အနယ် ကနဦးယှဉ် ပြိုင်ခဲ့ရကြောင်း သိရသည်။

ဒီဆန်းတစ်သည် သမ္မတလောင်းအဖြစ်မှ ပါဝင်ယှဉ်ပြိုင်နေခြင်းကို အဆုံးသတ်လိုက်သော်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြော သည်။

ဒီဆန်းတစ်က ၎င်းအနေဖြင့် သမ္မတဟောင်းဒေါ်နယ်ထရမ့်နှင့် အမြင်သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံ မည်ဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိနေသည့် သမ္မတဂျိုးဘိုင်ဒန်ကို ယှဉ်ပြိုင်အနိုင်ယူနိုင်စွမ်းရှိသော တစ် ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောသည်။

ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရန် နီကီဟာလေနှင့် ဒေါ်နယ်ထရမ့်တို့ အကြိတ်အနယ်ယှဉ်ပြိုင်နေရကာ အပြန်အလှန်ဝေဖန်နေကြောင်း သိရသည်။

နီကီဟာလေးက အသက် ၇၆ နှစ်အရွယ်ရှိနေသော ဒေါ်နယ်ထရမ့်၏ စိတ်ပိုင်းအခြေနေများကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

aljazeera.com

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု သမ္မတလောင်း ဒီဆန်းတစ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.