အမေရိကန်လွှတ်တော်အတွင်း အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုမည့်အစီအစဉ်ကို အမေရိကန်အစိုးရ စိုးရိမ်နေ

ဝါရှင်တန်၊ ဇွန် ၂၄

အမေရိကန်အစိုးရ တာဝန်ရှိသူများသည် အမေရိကန်လွှတ်တော်အတွင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု မိန့်ခွန်းပြောဆိုမည့်အစီအစဉ်ကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။

လွှတ်တော်အတွင်းမိန့်ခွန်းပြောဆိုရာတွင် အစ္စရေးဝန်ကြီးချုပ်က ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရအဖွဲ့၏ တုံ့ပြန်မှုများ၊ သမ္မတဂျိုးဘိုင်ဒန်အပေါ် လူသိရှင်ကြား ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်မည်ကို စိုးရိမ်နေကြောင်း သိရသည်။

နေတန်ရာဟုသည် လာမည့်လအတွင်း အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောဆိုသွားမည်ဖြစ်ရာ မည့်သည့်အကြောင်းအရာများကို အဓိကထားပြောဆိုမည်ကို မည့်သူမှမသိသေးကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်သည် အမေရိကန်အစိုးရက အစ္စရေးနိုင်ငံအပေါ် လအတန်ကြာ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းနှင့်ပတ်သက်ပြီး ဆိုင်းငံ့ထားခြင်းကို မကြာသေးမီက ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနှင့် အမေရိကန်အစိုးရကြားတွင် သဘောထားကွဲလွဲမှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက လွှတ်တော်အတွင်း မိန့်ခွန်းပြောဆိုချိန်အတွင်း နေတန်ရာဟုသည် အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်မည်ဆိုလျှင် အ ခြေနေများဆိုးရွားလာမည်သာဖြစ်ပြီး မည်သူ့ကိုမှ အထောက်ကူဖြစ်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

အမေရိကန်သတင်းဌာနများက လွှတ်တော်အတွင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု မိန့်ခွန်းပြောဆိုမည့်အစီအစဉ်သည် ရွေးကောက်ပွဲတကျော့ပြန်ဝင်ရန် စီစဉ်နေသည့် သမ္မတဂျိုးဘိုင်ဒန်ကို နိုင်ငံရေးနှင့် သံတမန်ရေး အရှုပ်ထွေးများဖြစ်လာဖွယ်ရှိနေသည်ဟု ခန့်မှန်းရေးသားနေသည်။

အမေရိကန်အစိုးရသည် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု အမေရိကန်လွှတ်တော်ကို လာရောက်ချိန်အတွင်း အမေရိကန်အစိုးရအဖွဲ့ရုံးသို့လာရောက်ရန် ဖိတ်ခေါ်ခြင်းမရှိကြောင်းသိရသည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံသီးခြားနေထိုင်ရမည်ဆိုသော အမေရိကန်အစိုးရ၏ကမ်းလှမ်းချက်များကို ငြင်းဆန်ထားရာ နှစ်နိုင်ငံကြား အငြင်းပွားမှုများဖြစ်ပွားနေကြောင်း သိရသည်။

ကောင်းထက်ငွေ

almayadeen.net/news

အမေရိကန်လွှတ်တော်အတွင်း အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုမည့်အစီအစဉ်ကို အမေရိကန်အစိုးရ စိုးရိမ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.