ဝါရှင်တန်၊ ဧပြီ ၆
ဇန်နဝါရီလတွင် သမ္မတတာဝန်ယူပြီးနောက် အကြီးမားဆုံးသော ဆန္ဒပြပွဲများအဖြစ် သမ္မတထရမ့်ကိုရှုံ့ချရန် အမေရိကန်တဝှန်းရှိ မြို့ကြီးများတွင် စနေနေ့က ဆန္ဒပြသူများစုရုံးခဲ့ကြသည်။
“ Hands Off” ဆန္ဒပြပွဲစီစဉ်သူများသည် အမေရိကန်ပြည်နယ် ၅၀ လုံးအပါအဝင် နေရာပေါင်း ၁၂၀၀ တွင် စုဝေးကျင်းပရန် ရည်ရွယ်ခဲ့သည်။

ဘော့စတွန်၊ ချီကာဂို၊ လော့စ်အိန်ဂျလိစ်၊ နယူးယောက်နှင့် ဝါရှင်တန်ဒီစီတို့တွင် ထောင်နှင့်ချီသောလူများ လာရောက်ခဲ့ကြသည်။
ဆန္ဒပြသူများသည် Trump ၏ လူမှုရေးဆိုင်ရာကိစ္စရပ်များမှ စီးပွားရေးဆိုင်ရာကိစ္စရပ်များအထိ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး မကျေနပ်ချက်များကို ဖော်ထုတ်ကြသည်။
ကမ္ဘာတဝှမ်းရှိ နိုင်ငံအများစုကို သွင်းကုန်ခွန်စည်းကြပ်မည်ဟု ထရမ့်ကကြေညာပြီးနောက် ရက်ပိုင်းအတွင်း လန်ဒန်၊ ပါရီနှင့် ဘာလင်တို့အပါအဝင် အမေရိကန်ပြင်ပနိုင်ငံများတွင်လည်း ဆန္ဒပြပွဲများပြုလုပ်ခဲ့သည်။
ဘော်စတွန်တွင် ဆန္ဒပြသူအချို့က ၎င်းတို့အားဖမ်းဆီးခြင်းနှင့် တက္ကသိုလ်ကျောင်းသားများအား နေရပ်ပြန်ပို့ခြင်းအပါအဝင် လူဝင်မှုကြီးကြပ်ရေးဌာန၏လုပ်ဆောင်မှုများကြောင့် ၎င်းတို့ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဥပဒေကျောင်းသူ ကေတီ စမစ်က သူမသည် ဘော့စတွန်ဧရိယာရှိ Tufts တက္ကသိုလ်အနီးတွင် တူရကီကျောင်းသား Rumeysa Ozturk ကို အမေရိကန်အေးဂျင့်များကဖမ်းဆီးခြင်းကို တွေ့မြင်ခဲ့ရပြီးနောက် ဆန္ဒပြပွဲများတွင်ပါဝင်လာခြင်းဖြစ်ကြောင်း BBC News သို့ ပြောကြားသည်။ ထို့အပြင်သူမက “ကျွန်မက များသောအားဖြင့် ဆန္ဒပြတဲ့ မိန်းကလေးမဟုတ်ဘူး” ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းတွင် ဒေါ်နယ်ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်