အမေရိကန်နှင့် ရုရှားထိပ်တန်း သံတမန်များသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆော်ဒီအာရေဗျ၌ တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ပြင်ဆင်ရေးနှင့် ယူကရိန်းစစ်ပွဲအ ဆုံးသတ်ရေးအတွက် အကြိုဆွေးနွေးပွဲများပြုလုပ်မည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ ယူကရိန်းနိုင်ငံက ပါဝင်တက်ရောက်ခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ယူကရိန်ကိုဖိတ်ကြားခြင်းမရှိကြောင်း၊ ဥရောပခေါင်းဆောင်များသည် အမေရိကန်အစိုးရသစ်၏ အစွန်းရောက်လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ပါရီတွင် အရေးပေါ်ဆွေးနွေးပွဲများပြုလုပ်ချိန်အတွင်း ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောကြားသည်။
Ref: CNA
#ယနေ့ခေတ်
အမေရိကန်နှင့် ရုရှားနိုင်ငံတို့ ဆော်ဒီတွင် ယူကရိန်းမပါဘဲ တွေ့ဆုံမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်