အမေရိကန်နှင့်သဘောထားကွဲလွဲခဲ့ပြီးနောက် အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်

ဂါဇာ၊ မတ် ၂၈

အစ္စရေးသည် အမေရိကန်နိုင်ငံနှင့် သဘောထားကွဲလွဲမှုများ စတင်ဖြစ်ပွားလာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရေးနှင့်ပတ်သက်ပြီး အစ္စရေးနှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ပြီး အပြန်အလှန်ဆွေးနွေးရန် နှောင့်နေးခဲ့ပြီးနောက် အစ္စရေးက မတ်လ ၂၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂါဇာစစ်ပွဲတွင် အရပ်သားများသေဆုံးမှု မြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး အစ္စရေးကိုဝေဖန်ရာမှ အမေရိကန်နှင့် အစ္စရေးနိုင်ငံကြား သဘောထားကွဲလွဲမှုများ စတင်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။

ရာဖယ်မြို့ကို အစ္စရေးနိုင်ငံက ထိုးစစ်ဆင်တိုက်ခိုက်လိုသော်လည်း အမေရိကန်က ထိုးစစ်ဆင်တိုက်ခြင်းမလုပ်ဆောင်ရန် ဟန့်တားမှုများရှိခဲ့ရာ အငြင်းပွားမှုများရှိလာခဲ့ပြီးနောက်အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ တစ်ကျော့ပြန်လုပ်ဆောင်လာခြင်းဖြစ်သည်။

ကမ္ဘာခေါင်းဆောင်များနှင့် ကုလသမဂ္ဂက ရာဖယ်မြို့ကို အစ္စရေး၏ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် လူသေဆုံးမှုများ မြင့်တက်လာမည်ကို စိုးရိမ်နေသလို၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီများ ပိုမိုလိုအပ်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ရာဖယ်မြို့အတွင်း အနည်းဆုံးလူပေါင်း ၂ ဒသမ ၄ သန်းကျော်ရှိနေကြောင်း သိရသည်။

ကုလသမဂ္ဂက ဂါဇာဒေသ၏ ကျန်းမာရေးစနစ်ပြိုလဲနေပြီး၊ ဒေသခံများစွာအခက်ခဲများဖြစ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအတွင်း အနည်းဆုံးလူပေါင်း ၃ သောင်းကျော် သေဆုံးထားကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net/News

အမေရိကန်နှင့်သဘောထားကွဲလွဲခဲ့ပြီးနောက် အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.