ဝါရှင်တန်၊ ဇွန် ၂၄
အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်ရှိ နေရာအချို့တွင် ရေကြီးမှုများဖြစ်လာခဲ့ခြင်းကြောင့် ဒေသခံများသည် နေရပ်စွန့်ခွာနေရထိုင်ရကြောင်း သိရသည်။
အိုင်အိုဝါပြည်နယ်တွင် ပြီးခဲ့သောရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးမှုများဖြစ်လာခဲ့ရာ ဒေသခံများ နေအိမ်များစွန့်ခွာနေရကြောင်း သိရသည်။
Rock Valley အရပ်ဒေသတွင်နေထိုင်နေသည့် ဒေသခံ ၄၂,၀၀ ကျော်သည် နေအိမ်များကိုစွန့်ခွာခဲ့ရကြောင်း၊ မြစ်ရေတက်မှုများလည်းရှိနေကြောင်း သိရသည်။
မြို့တော်ဝန် ကီဗင် ဗန် အိုတာလိုက ရဟတ်ယာဉ်များအသုံးပြုပြီး ရေကြီးမှုဒဏ်ခံနေရသူများကို ကူညီပေးနေကြောင်း၊ လှေများဖြင့်လည်း ရေကြီးမှုကြောင့် ပိတ်မိနေသူများကို ကယ်တင်ပေးနေကြောင်း ပြောသည်။
၎င်းက “ ရက်အတန်ကြာ မိုးသည်းထန်စွာရွာခဲ့တယ်။ တစ်နာရီအတွင်း မိုးရေချိန် ၄ လက်မ မြင့်တက်ခဲ့တယ်။မြေပြင်မှာ ဘယ်သူမှလမ်းလျှောက်လို့မရဘူး။” ဟု ပြောသည်။
လက်ရှိအချိန်တွင် အိုင်အိုဝါပြည်နယ်ရှိ နေရာဒေသအချို့ကို အရေးပေါ်အုပ်ချုပ်ရေးကြေညာထားရပြီး လမ်းများတွင်ရေကြီးနေရာ လူအများစုက အိမ်ခေါင်းမိုးပေါ်များ၊ သစ်ပစ်ထိပ်ဖျားများတွင် တက်ရောက်နေရကြောင်း သိရသည်။
တောင်ပိုင်း ဒါကိုတာပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အုပ်ချုပ်ရးမှူးက ပြည်နယ်အတွင်းရှိနေရာများကို အရေးပေါ်အခြေနေကြေညာထားရကြောင်း သိရ သည်။
လက်ရှိအချိန်တွင် ရေကြီးမှုဒဏ်ခံရသူအများစုသည် အရေးပေါ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး အိမ်ကိုပြန်နိုင်မည့်အချိန်ကို အတိအကျမသိသေးကြောင်း သိရသည်။
ကောင်းထက်ငွေ
apnews.com
အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်တွင်ရေကြီးမှုများဖြစ်ပေါ် လူပေါင်းများစွာ နေရပ်စွန့်ခွာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်