အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံသို့ခရီးသွားခွင့် တစ်နှစ်တားမြစ်ကြောင်း အမေရိကန်အစိုးရ ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၀

အမေရိကန်အစိုးက မိမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ခရီးသွားခွင့် တစ်နှစ်ထပ်မံတိုးမြင့်သည့် တားမြစ်ချက်ကို ဇွန် ၁၀ ရက်၊ ​​နေ့စွဲဖြင့် အမေရိကန်အစိုးရက သတင်းထုတ်ပြန်လိုက်​ကြောင်း သိရသည်။

“ ပြည်ပခရီးသွားခွင့် တားမြစ်ထားတဲ့နိုင်ငံထဲမှာ မြန်မာနိုင်ငံကို အဓိကခရီးသွားမလည်ပတ်ဖို့ တစ်နှစ်သက်တမ်းတိုးပြီး တားမြစ်လိုက်တာပါ။ အခု​လော​လောဆယ် မြန်မာပြည်ကလူ​တွေသွားရင်​တော့ လက်ခံ​ပေးပါတယ်။” ဟု အ​မေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အ​မေရိကန်အစိုးရ၏ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာပြည်တွင် ပြည်တွင်းမငြိမ်သက်မှုများ၊ စစ်ရေးပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးမှု အစရှိသည့်အ​ရေးကိစ္စများကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးမသွားကြရန် အမေရိကန်အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ခရီးသွားနိုင်သည့်နေရာများသည် အကန့်အသတ်ရှိနေပြီး၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်း၊ မြေမြှုပ်မိုင်းနှင့် ပစ်ခတ်ပေါက်ကွဲမှုများ ရင်ဆိုင်ကြုံ​တွေ့​​နေရ​ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံသို့ခရီးသွားခွင့် တစ်နှစ်တားမြစ်ကြောင်း အမေရိကန်အစိုးရ ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.