အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံနှင့်အတူ အမြဲတမ်းရပ်တည်မည်ဟု ဂျိုးဘိုင်ဒန် ကတိပြု

တဲလ်အဗစ်၊ အောက်တိုဘာ ၁၉

အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနှင့်အတူ အမြဲတမ်းရည်တည်သွားမည်ဖြစ်ကြောင်း၊ ဟားမက်အဖွဲ့၏ တိုက်ခိုက်မှုသည် ၂၀၀၁ ခုနှစ်က အမေရိကန်နိုင်ငံအပေါ် အယ်ကိုင်ဒါအဖွဲ့ ဝင်များ တိုက်ခိုက်ခြင်းထက် ပိုမိုဆိုးရွားခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အောက်တိုဘာ ၁၈ ရက်နေ့တွင် အစ္စရေးနိုင်ငံကို ရောက်ရှိလာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတက “ အစ္စရေးနိုင်ငံကို ကျွန်တော်လာတဲ့ အဓိကရည်ရွယ်ချက်နဲ့ ပေးချင်တဲ့ မက်ဆေ့ကတော့ အစ္စရေးတစ်နိုင်ငံတည်း မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ အမေရိကန်နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့အတူ အမြဲတမ်းရပ်တည်သွားမယ်။ အစ္စရေးကို တစ်နိုင်ငံတည်း အထီးကျန်တာမျိုး ခွင့်မပြုဘူး။” ဟု ဆိုသည်။

အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်ခဲ့သော ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံသမိုင်းတွင် လူထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး အစ္စရေးနိုင်ငံသား အနည်းဆုံး ၁၃၀၀ ကျော်သေဆုံးထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးကို အလားတူ ခြိမ်းခြောက်မှုများ ရင်ဆိုင်ရမည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောသည်။

အမေရိကန်သမ္မတက “ အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ ISIS အဖွဲ့လုပ်ရပ်မျိုးဖြစ်တယ်။ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုဟာ ၂၀၀၂ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့က အမေရိကန်နိုင်ငံအပေါ် အယ်ကိုင်ဒါအဖွဲ့ရဲ့ တိုက်ခိုက်မှုထက် ဆိုးတယ်။ ဟားမက်စ်အဖွဲ့ တိုက်ခိုက်ချိန်အတွင်းမှာ ကလေးတွေ အသတ်ခံရတယ်။ မိ သားစုလိုက် အသတ်ခံရတယ်။ အဓမ္မပြုကျင့်ခံရတယ်။ ခေါင်းဖြတ်ခံရတယ်။ အရှင်လတ်လတ် မီးရှို့ခံရတာမျိုးတွေ ရှိခဲ့တယ်။” ဟုပြောသည်။

အောက်တိုဘာ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော ဂါဇာဒေသရှိဆေးရုံ ဗုံးကြဲခံရမှုနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတသည် စွပ်စွဲခံနေရသော အစ္စရေးနိုင်ငံအစား ပါလက်စတိုင်း လက် နက်ကိုင်အဖွဲ့ကို ပြစ်တင်ခဲ့ကြောင်း သိရသည်။

၎င်းက “ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနကရရှိတဲ့ အချက်လက်တွေအရဆိုရင် အဲဒီဆေးရုံကို အစ္စရေးတို့ တိုက်ခိုက်ခဲ့တာမဟုတ်ဘူး၊” ဟုပြောသည်။

ကောင်းထက်ငွေ

cbsnews.com

#ယနေ့ခေတ်

အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံနှင့်အတူ အမြဲတမ်းရပ်တည်မည်ဟု ဂျိုးဘိုင်ဒန် ကတိပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.