အမေရိကန်နိုင်ငံတွင် ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့ကဖြိုခွင်း လူပေါင်း ၂၀၀၀ ကျော်ဖမ်းဆီးခံရ

နယူးယောက်၊ မေ ၃

နယူးယောက်ပြည်နယ်၊ တက်ဆက်ပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်များအပါအဝင် နိုင်ငံအတွင်းရှိ ပြည်နယ်အများစုတွင် ပြုလုပ်နေသော တက္ကသိုလ်ကျောင်းသားများ၏ Student Spring အမည်ရှိ ဆန္ဒပြပွဲများကို ဆက်တိုက်ဖြိုခွင်းနေပြီး တက္ကသိုလ်ကျောင်းသားများအပါအဝင် လူပေါင်းအနည်းဆုံး ၂၁၀၀ ဖမ်းဆီးခံခဲ့ရကြောင်း အမေရိကန်အခြေ စိုက်မီဒီယာများက ဖော်ပြထားသည်။

အဆိုပါ တက္ကသိုလ်ကျောင်းသားများ၏ ဆန္ဒပြပွဲများသည် အစ္စရေးဆန့်ကျင့်ပြီး ပါလက်စတိုင်းလိုလားထောက်ခံသော ဆန္ဒပြပွဲဖြစ်ကာ တက္ကသိုလ်များအတွင်း ဆန္ဒပြပွဲများလုပ် ဆောင်နေခြင်းဖြစ်သည်။

အမေရိကန်ရဲတပ်ဖွဲ့က ပြီးခဲ့သောသီတင်းပတ်များအတွင်းမှစကာ စီးနင်းဖြိုခွင်းကာ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုများအတွင်း ဆန္ဒပြသူများ ဒဏ်ရာရခြင်းများလည်းရှိခဲ့သလို နံရိုးကျိုးသူများလည်းရှိကြောင်း သိရသည်။

အမေရိကန်သမ္မတက “ တက္ကသိုလ်အဆောက်အဦးတွေအတွင်း ဆန္ဒပြနေတဲ့ ပါလက်စတိုင်းလိုလားသူအုပ်စုတွေကို တရားဥပဒေစိုးမိုးရေးကို လိုက်နာစေလိုတယ်။ ကျွန်တော်တို့ အရပ်ဘက်လူအဖွဲ့စည်းတွေမှာလည်း လိုက်နာရမယ့် စည်းကမ်းတွေရှိနေတယ်။” ဟု ပြောသည်။

ပါလက်စတိုင်းလိုလားသော ဆန္ဒပြကျောင်းသားများက တက္ကသိုလ်များနှင့်ကောလိပ်များကို အစ္စရေးနိုင်ငံ၊ အစ္စရေးစီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ခြင်းများကိုရပ်တန့်ရန် အဓိကထားတောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အမေရိကန်ရဲတပ်ဖွဲ့ဝင်များသည် တက္ကသိုလ်အဆောက်အဦးများအတွင်းရှိ ပါလက်စတိုင်းလိုလားသော ဆန္ဒပြအုပ်စုများကို ဖြိုခွင်းရာတွင် နံနက်အာရုံမတက်ခင်အချိန်တွင် အဓိကထားဝင်ရောက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အစ္စရေးနိုင်ငံကိုတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားလာခဲ့သော ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အမေရိကန်အပါအဝင် ကမ္ဘာနိုင်ငံအချို့တွင် ပါလက်စတိုင်းလိုလားသော ထောက်ခံပွဲများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

အမေရိကန်နိုင်ငံတွင် ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့ကဖြိုခွင်း လူပေါင်း ၂၀၀၀ ကျော်ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.