အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ခရီးစဉ်အတွင်း မြန်မာအရေးကိစ္စများကို ဆွေးနွေးမည်

ဝါရှင်တန်၊ ဧပြီ ၂၂

အမေရိကန်နိုင်ငံခြား အန်တိုနီဘလီကန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံရေးအခြေနေများကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အန်တိုနိဘလီကန်သည် လာမည့်သီတင်းပတ်တွင် တရုတ်နိုင်ငံသို့လာရောက်မည်ဖြစ်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီးအပါအဝင် တရုတ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အန်တိုဘလီကန်သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း အရှေ့အလယ်ပိုင်းကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံကို တရုတ်ကုမ္မဏီများ ကူညီထောက်ပံ့ပေးနေသည့်ကိစ္စ၊ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားအရေးကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ ဧပြီ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ လာရောက်မည်ဖြစ်ပြီး၊ နှစ်နိုင်ငံကြားဆက်ဆံရေးအခြေနေများအပြင် တောင်တရုတ်ပင်လယ်အရေးကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြားဆက်ဆံရေးသည် ပြီးခဲ့သောနှစ်များနှင့်နှိုင်းယှဉ်လျှင် လက်ရှိအချိန်တွင် အဆိုးရွားဆုံးအခြေနေမျိုးကို ရောက်ရှိနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် အဆိုပါခရီးစဉ်အတွင်း ထိုင်ဝမ်အရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ထိုင်ဝမ်အရေးကိစ္စအပြင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ရန်စမှုများနှင့်ပတ်သက်ပြီး အငြင်းပွားမှုများမြင့်တက်နေကြောင်းသိရသည်။

ထိုင်ဝမ်သည် အမေရိကန်နိုင်ငံ၏ မိတ်ဖက်ဖြစ်နေပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့လက်အောက်ခံအဖြစ် သိမ်းယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

သို့သော်လည်း ထိုင်ဝမ်က တရုတ်နိုင်ငံနှင့်ပြန်လည်ပူးပေါင်းရန် လိုလားခြင်းမရှိဘဲ ကိုယ်ပိုင်လွှတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ကောင်းထက်ငွေ

thestar.com.my/aseanplus

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ခရီးစဉ်အတွင်း မြန်မာအရေးကိစ္စများကို ဆွေးနွေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.