အမေရိကန်တွင် တက္ကသိုလ်ကျောင်းသားများ၏ ပါလက်စတိုင်းလိုလားသော ဆန္ဒပြအုပ်စုများကို တန်ပြန်ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုများဖြစ်နေ ဟုဆို

လော့စ်အိန်ဂျယ်လိစ်၊ မေ ၅

အမေရိကန်နိုင်ငံတွင် ပါလက်စတိုင်းလိုလားသော တက္ကသိုလ်ကျောင်းသား ဆန္ဒပြအုပ်စုများနှင့်အပြိုင် တန်ပြန်ဆန္ဒပြပွဲများဖြစ်ပွားနေကြောင်း အမေရိကန်မီဒီယာများက ရေးသားဖော်ပြကြသည်။

အမေရိကန်ရဲတပ်ဖွဲ့သည် ပြီးခဲ့သောသီတင်းပတ်များအတွင်း တက္ကသိုလ်အဆောက်အဦးများအတွင်း ဆန္ဒပြနေသည့် ပါလက်စတိုင်းလိုလားသော ဆန္ဒပြအုပ်စုများကို ဝင်ရောက်ဖြိုခွင်းခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ပါလက်စတိုင်းလိုလားသော ဆန္ဒပြအုပ်စုများနှင့်အပြိုင် တန်ပြန်ဆန္ဒပြအုပ်စုများသည် တက္ကသိုလ်ကျောင်းများအတွင်းဆန္ဒပြနေသည့် ပါလက်စတိုင်းလိုလားသူ အုပ်စုများနှင့် ထိပ်တိုက်တွေ့ဆုံရန် ကြိုးပမ်းခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် ပါလက်စတိုင်းလိုလားသူအုပ်စုများနှင့် ဆန့်ကျင့်သူအုပ်စုများကြား ထိပ်တိုက်မတွေ့ဆုံစေရန် ကြားဝင်ခဲ့ရပြီး လူစုခွဲခြင်းများလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

တက္ကသိုလ်ကျောင်းများအတွင်း ဆန္ဒပြနေသည့် ပါလက်စတိုင်းလိုလားသူအုပ်စုများကို ရဲတပ်ဖွဲ့များက ဖြိုခွင်းရန်ကြိုးပမ်းရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုများပြုလုပ်ရန် ကြိုးပမ်းခြင်းများရှိနေခဲ့ပြီး အင်အားအလွန်ကျွံ့သုံးခြင်းများရှိခဲ့ကြောင်း ဝေဖန်ပြစ်တင်မှုများရှိနေသည်။

လက်ရှိအချိန်တွင် ဂါဇာအရေးနှင့်ပတ်သက်ပြီး ဖိအားများဖြင့်ရင်ဆိုင်နေရသော အမေရိကန်သမ္မတက ဆန္ဒပြအုပ်စုများကို ဥပဒေအမိန့်စည်းကမ်းများကို လိုက်နာရန် တိုက်တွန်းခဲ့သည်။

အမေရိကန်သမ္မတက “ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူတွေရဲ့အသံကို ပြောလို့မရအောင် ဖိနှိပ်နေတဲ့အာဏာရှင်နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံဟာ ဥပဒေမဲ့နိုင်ငံလည်းမဟုတ်ဘူး။ ကျွန်တော်တို့မှာ ကိုယ်ပိုင်လူအဖွဲ့စည်းရှိနေပါတယ်။ စည်းကမ်းဥပဒေတွေလည်းရှိနေပါတယ်။ စည်းကမ်းဥပဒေများကိုလိုက်နာဖို့ လိုအပ်ပါတယ်။” ဟု သတိပေးခဲ့သည်။

နောက်ဆုံးထွက်ပေါ်နေသည့် သတင်းများအရ တက္ကသိုလ်ကျောင်းများတွင် ပြုလုပ်နေသည့် ဆန္ဒပြပွဲများ အရှိန်လျော့ကျနေကြောင်း သိရသည်။

အမေရိကန်တက္ကသိုလ်ကျောင်းသားများက စတင်ခဲ့သော ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများသည် ဗြိတိန်၊ အိုင်ယာလန်အပါအဝင် နိုင်ငံအချို့ရှိ တက္ကသိုလ်ကျောင်းများတွင်လည်း ပျံ့နှံ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတဝှမ်းတွင် တက္ကသိုလ်ကျောင်းသားများက ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီးပြုလုပ်သော ဆန္ဒပြပွဲများကြောင့် ဘွဲနှင်းသဘင်အခမ်းနားကို ဆိုင်းငံ့ထားရခြင်းများလည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

timesofisrael.com

အမေရိကန်တွင် တက္ကသိုလ်ကျောင်းသားများ၏ ပါလက်စတိုင်းလိုလားသော ဆန္ဒပြအုပ်စုများကို တန်ပြန်ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုများဖြစ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.