ဝါရှင်တန်၊ မတ် ၂
အမေရိကန်သမ္မတအိမ်ဖြူတော်တွင် ဒေါ်နယ်ထရမ့်နှင့် ဂျေဒီ ဗန့်စ်တို့သည် ဇီလင်စကီးနှင့် တင်းမာမှုများဖြစ်ပေါ် ခဲ့ပြီးနောက် ယူကရိန်းလိုလားသည့်ဆန္ဒပြပွဲများ အမေရိကန်တဝှမ်းတွင် ဖြစ်ပွားခဲ့သည်။
အမေရိကန်သမ္မတ ဘဲဥပုံရုံးတွင် သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်နှင့် ယူကရိန်းသမ္မတ ဇီလင်စကီးတို့ ဒေါသတကြီး အချင်းများပြီးနောက် အမေရိကန်နိုင်ငံ၊ နယူးယောက်၊ လော့စ်အိန်ဂျလိစ်နှင့် ဘော့စတွန်မြို့တို့တွင် ရာနှင့်ချီသောလူများသည် ယူကရိန်းအားထောက်ခံကြောင်း ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။
ယူကရိန်းလိုလားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ထားသည့် ဆန္ဒပြသူများက ဒုတိယသမ္မတ ဗန့်စ်နှင့် သူ့မိသားစု များ အားလပ်ရက်အတွင်း နှင်းလျှောစီးအပန်းဖြေနေရာသို့ အလည်အပတ်ရောက်ရှိနေစဉ် Waitsfield၊ Vermont တွင်ရှိသည့် လမ်းတစ်ခုတွင် စီတန်းဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြမှုများကြောင့် ဒုတိယသမ္မတနှင့် မိသားစုများသည် ၎င်းတို့စီစဉ်ထားသည့် နှင်းလျှောစီးအပန်းဖြေစခန်းမှ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။
Ref: BBC
#ယနေ့ခေတ်
အမေရိကန်တဝှမ်း ယူကရိန်းလိုလားသော ဆန္ဒပြပွဲများပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်