အမေရိကန်စစ်တပ်က ဗုံးကြဲလေယာဉ်ပေါ်မှ အသံထက်မြန်သောဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်

ဝါရှင်တန်၊ မတ် ၂၁

အမေရိကန်လေတပ်က ၎င်းတို့သည် အသံထက်မြန်သောဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း မတ်လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်လေတပ်သည် ပစီဖိတ်သမုဒ္ဒရာအတွင်း ဘီ ၅၂ ဗုံးကြဲလေယာဉ်ပေါ်မှ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်လေတပ်က သတင်းထုတ်ပြန်ခဲ့သော်လည်း ဒုံးကျည်၏အသံမြန်နှုန်းကိုတော့ အသေးစိတ်ဖော်ပြခြင်းမရှိကြောင်း သိရသည်။

အသံထက်မြန်သောဒုံးကျည်ကို သတ်မှတ်ရာတွင် အသံထက်အနည်းဆုံး ၅ ဆပိုမြန်မှ အသံထက်မြန်သောဒုံးကျည်အဖြစ် သတ်မှတ်ခေါ်ဆိုကြခြင်းဖြစ်ကြောင်း သိရသည်။

အသံထက်မြန်သော ဒုံးကျည်လက်နက်များ ပိုင်ဆိုင်ရေးအတွက် အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အပြိုင်အဆိုင်ကြိုးပမ်းနေကြောင်း သိရသည်။

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အသံထက်မြန်သောဒုံးကျည်များ အသုံးပြုတိုက်ခိုက်နေသလို တရုတ်ကလည်း အသံထက်မြန်သောဒုံးကျည် ပိုင်ဆိုင်ထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် အသံထက်မြန်သောဒုံးကျည် တီထွင်ဆန်းသစ်မှုတွင် တရုတ်၊ ရုရှားတို့ နောက်ကျန်ရှိနေကြောင်း သတင်းများလည်း မကြာခဏထွက်ပေါ်ခဲ့သည်။

အမေရိကန်သည် အသံထက်မြန်သောဒုံးကျည်ကို ဂူအမ်ကျွန်းတွင် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံကလည်း အသံထက်မြန်သောဒုံးကျည်များကို စမ်းသပ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း တရုတ်အာဏာပိုင်များက ငြင်းဆန်ထားကြောင်း သိရသည်။

ကောင်းထက်ငွေ

english.alarabiya.net/News

အမေရိကန်စစ်တပ်က ဗုံးကြဲလေယာဉ်ပေါ်မှ အသံထက်မြန်သောဒုံးကျည်ကို အောင်မြင်စွာစမ်းသပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.