အမေရိကန်စစ်တပ်က တရုတ်စစ်တပ်ကို အနိုင်ယူနိုင်စွမ်းရှိနေ ဟုဆို

ဝါရှင်တန်၊ ဧပြီ ၂၄

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား စစ်ပွဲဖြစ်လာမည်ဆိုလျှင် အတွေ့အကြုံပိုင်းသာလွန်သည့် အမေရိကန်တပ်ဖွဲ့က အနိုင်ရဖွယ်ရှိနေပြီး ထိခိုက်ပျက်စီးမှု ပိုမိုကြီးမားမည်ဖြစ်ကြောင်း အမေရိကန်စစ်ထောက်လှမ်းရေးအရာရှိများက ပြောသည်။

တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် H-20 အမည်ရှိ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေသော်လည်း အမေရိကန်ထုတ် B-21 လေယာဉ် သို့မ ဟုတ် B-2 လေယာဉ်နီးပါးလောက် ကောင်းမွန်မှုမရှိသေးကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိက ပြောသည်။

အမေရိကန်စစ်ထောက်လှမ်းရေးအရာရှိက “ တရုတ်စစ်တပ်ဟာ စစ်လက်နက်ပစ္စည်းပိုင်း ကောင်းမွန်ကောင်း ကောင်းမွန်နိုင်ပေမယ့် တိုက်ခိုက်ရေးအတွေ့ကြုံမရှိဘူး။ တရုတ်စစ် သားတွေဟာ စစ်မှန်တဲ့စစ်ပွဲကိုတိုက်ခိုက်ဖူးတဲ့ အတွေ့ကြုံမျိုးမရှိဘူး။” ဟု ပြောသည်။

အမေရိကန်စစ်တပ်သည် လက်ရှိအချိန်တွင် ၎င်းတို့တပ်ဖွဲ့ဝင်များကို ပိုမိုခေတ်မီစေရန် ကြိုးပမ်းလုပ်ဆောင်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် စစ်ပွဲဖြစ်လာကောင်းဖြစ်လာနိုင်ဖွယ်ရှိနေသည်ဆိုသော ထင်မြင်ချက်များပြောဆိုခဲ့ဖူးပြီး တရုတ်စစ်တပ်ကို ပိုမိုအင်အားကြီးထွားစေရန်နှင့် ခေတ်မီလက်နက်များ ပိုမိုပိုင်ဆိုင်နိုင်ရန် အရှိန်မြင့်ကြိုးပမ်းလာနေကြောင်း သိရသည်။

အမေရိကန်စစ်တပ်ထောက်လှမ်းရေး တာဝန်ရှိသူတစ်ဦးက “ တရုတ်စစ်တပ်အတွက် အကြီးမားဆုံးသောစိန်ခေါ်မှုဟာ စနစ်တွေကောင်းမွန်မှုမရှိတာပဲဖြစ်တယ်။ သတ်မှတ်ထားတဲ့ စစ်စည်းကမ်းစနစ်တွေကို တပ်ဖွဲ့ဝင်တွေ လျင်မြန်စွာလုပ်ကိုင်နိုင်စွမ်းမရှိသေးဘူး။” ဟု ပြောသည်။

တရုတ်နှင့်အမေရိကန်တို့သည် တောင်တရုတ်ပင်လယ်အရေးအပြင် ထိုင်ဝမ်အရေးကိစ္စများနှင့်ဆက်နွယ်ပြီး ပြီးခဲ့သောနှစ်များအတွင်း ထိပ်တိုက်တွေ့ဆုံမှုများ ပိုမိုဖြစ်လာနေကြောင်း သိရသည်။

တရုတ်စစ်တပ်သည် လက်ရှိအချိန်တွင် လူအင်အားတောင်တင့်းမှုများရှိသော်လည်း အမေရိကန်စစ်တပ်က စစ်ရေးပိုင်းတွင် ပိုမိုအတွေ့ကြုံရင့်ကျက်ကြောင်း ၎င်းကထပ်မံပြောဆိုသည်။

ကောင်းထက်ငွေ

azerbaycan24.com/en

အမေရိကန်စစ်တပ်က တရုတ်စစ်တပ်ကို အနိုင်ယူနိုင်စွမ်းရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.