အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကမ္ဘာတလွှား လက်ယာစွန်းကိုဆန့်ကျင်သည့်  ဆန္ဒပြပွဲများပြုလုပ်

ပါရီ၊ မတ် ၉

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မတ်လ ၈ ရက်၊ (စနေနေ့)က ကမ္ဘာတလွှား လမ်းမများပေါ်တွင် တတ်ကြွလှုပ်ရှာသူ ဆန္ဒပြသမားများသည် တူညီသောလစာ၊ နိုင်ငံရေးအရကိုယ်စားပြုမှုနှင့် ဖိနှိပ်မှုများမြင့်တက်လာမည်ကို စိုးရိမ်နေရမှုများ အဆုံးသတ်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ရုရှား၏ကျူးကျော်မှုမှကာကွယ်ရင်း သေဆုံးသွားသော အမျိုးသမီးများအား ဂုဏ်ပြုသည့်အနေဖြင့် ဆန္ဒပြသူအများအပြားသည် တစ်မိနစ်ခန့် နှုတ် ဆိတ်နေခဲ့ကြသည်။ ဆန္ဒပြသူများက ကွယ်လွန်သူများ၏ ရုပ်ပုံများပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

“ အမျိုးသမီးတွေဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ တစ်ဝက်လောက်ဖြစ်ပြီး သူတို့ဘာလုပ်တယ်၊ ဘယ်လိုပုံစံ၊ ဘယ်လိုကာကွယ်ကြမလဲ၊ ကျွန်မတို့နိုင်ငံ လွတ်လပ်ပြီး အမှီအခိုကင်းစေဖို့ သူတို့ဘာတွေလုပ်လဲဆိုတာကို ဆွေးနွေးဖို့လိုပါတယ်” ဟု တက်ကြွလှုပ်ရှားသူ Iryna Lysykova က Kharkiv တွင် AFP သို့ ပြောကြားခဲ့သည်။

ပဲရစ်၊ ဘာလင်နှင့် မက်ဒရစ်တို့အပါအဝင် ဥရောပမြို့တော်များမှ လမ်းမများပေါ်တွင် ချီတက်နေသည့် အမျိုးသမီးအများအပြားသည် လက်ယာစွန်းဖောက်ပြန်ရေးအင်အားစုများ ကြီးထွားလာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

Ref: Bangkok Post

#ယနေ့ခေတ်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကမ္ဘာတလွှား လက်ယာစွန်းကိုဆန့်ကျင်သည့်  ဆန္ဒပြပွဲများပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.