ရန်ကုန်၊ မေ ၆
မြန်မာနိုင်ငံရှိ မြိုအများအပြားတွင် အပူချိန်မြင့်မားနေခြင်းသည် ပြည်သူများ၏ နေ့စဉ်ရှင်သန်နေထိုင်မှုဘဝများကို သက်ရောက်မှုများစွာဖြစ်နေရပြီး အထူးသဖြင့် တက္ကဆီယာဉ်မောင်းများ၏ ရှင်သန်နေထိုင်မှုနှင့် ဝင်ငွေရရှိမှုကို ကြီးမားသောသက်ရောက်မှုများဖြစ်စေခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနက ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံရှိမြိုအချို၏ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး ပြည်သူများကို အပူဒဏ်ကာကွယ်ရေးနှင့်ပတ်သက်ပြီး သတိပေးချက်များထုတ်ပြန်ထားရသည်။
အသက် ၆၅ နှစ်အရွယ်ရှိ ရန်ကုန်မြိုမှ တက္ကဆီယာဉ်မောင်းတစ်ဦးဖြစ်သော ဦးမောင်မောင်က “ ရာသီဥတုပူလွန်းတဲ့အတွက် ခရီးသည်တွေ အပြင်သိပ်မထွက်တော့ဘူး။ ဒါကြောင့် ဝင်ငွေရရှိမှုက သုံးပုံတစ်ပုံလျော့နည်းသွားတယ်။ ညနေပိုင်းလောက်မှသာ အပြင်ထွက်ကြတော့တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနှစ်အပူချိန်ဟာ ပြီးခဲ့တဲ့နှစ်ထက်နှိင်းယှဉ်ရင် အပူချိန်ပိုမြင့်တက်လာခဲ့တယ်။” ဟု ပြောသည်။

ရန်ကုန်မြိုတွင်နေထိုင်သည့် အသက် ၅၃ နှစ်အရွယ်ရှိ တက္ကဆီယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးစိုးနိုင်က “ ကျွန်တော်ဟာ နေ့စဉ် ၁ နာရီ ၁၅ မိနစ်နောက်ပိုင်း ကားမောင်းတာကိုနားလိုက်တယ်။ အပူချိန်မြင့်တဲ့ ဒဏ်ကိုရှောင်နိုင်ဖိုပါ။ ပြီးရင် အရိပ်ထဲမှာအနားယူတယ်။ အဲဒီနေခင်းအချိန်မှာ ကားထွက်ဆွဲဖို့ အခက်ခဲရှိတယ်။” ဟု ပြောသည်။
ထိုအပြင် ရန်ကုန်မြိုတွင်နေထိုင်သည့် တက္ကဆီယာဉ်မောင်းတစ်ဦးကလည်း “ နေခင်းနောက်ပိုင်းမှာ ကျွန်တော် ကားအပြင်ထွက်မဆွဲတော့ဘူး။ ဝင်ငွေရရှိမှုက သုံးပုံတစ်ပုံလျော့နည်းသွားတယ်။” ဟု ပြောသည်။
ထိုအပြင် မန္တလေးမြိုရှိ စက်ဘီးတက္ကဆီမောင်းသူတစ်ဦးဖြစ်သော ဦးသိန်းတန်ကလည်း အပူချိန်မြင့်တက်နေခြင်းကြောင့် ဝင်ငွေရရှိမှုက တစ်ဝက်နီးပါးလျော့နည်းသွားကြောင်းပြောသည်။
မန္တလေးမြို၏အပူချိန်သည် ဧပြီ ၂၈ နေ့က ၄၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့ရာ နှစ်ပေါင်း ၇၇ နှစ်အတွင်း မန္တလေးမြိုသမိုင်းတွင် အပူဆုံးနေ့တစ်နေ့ဖြစ်ခဲ့ကြောင်းသိရသည်။
ကောင်းထက်ငွေ
straitstimes.com/asia
အပူချိန်မြင့်တက်နေခြင်းကြောင့် မြန်မာပြည်သူများ ဝင်ငွေထိခိုက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်