အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် နစကကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

ဘန်ကောက်၊ ဧပြီ ၁၈

မြန်မာစစ်အစိုးရနှင့် အဓိကအတိုက်အခံအုပ်စုတို့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမြှင့်ရန် ထောက်ပံပေးမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က သော ကြာနေ့တွင် ပြောကြားသည်။

အာဆီယံအဖွဲ့၏ဥက္ကဋ္ဌ အန်ဝါသည် နစကအကြီးအကဲ၊ အတိုက်အခံဝန်ကြီးချုပ်တို့နှင့် ကြာသပတေးနေ့ကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်ကို ထုတ်ဖော်ပြောကြားသည်။

“အပစ်အခတ်ရပ်စဲရေးမရှိရင်၊ မလိုအပ်တဲ့ရန်စမှုတွေ ရှိလာနေရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုလုံး ပျက်သွားမှာပါ” ဟု အန်ဝါက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ နစကနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ကနဦးဖလှယ်မှုက အရမ်းအောင်မြင်ခဲ့ပါတယ်” ဟု နစကအကြီးအကဲ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး ၎င်းကပြောကြားခဲ့သည်။

မတ် ၂၈ ရက်က လူပေါင်း ၃၆၀၀ ကျော်သေဆုံးခဲ့ရသည့် အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး ဧပြီ ၂ ရက်နေ့တွင် ရက် ၂၀ ကြာ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို နစကက ထုတ်ပြန်ထားသည်။

သို့သော်လည်း ကုလသမဂ္ဂနှင့် အခြားအဖွဲ့များက နစကအစိုးရသည် မြန်မာနိုင်ငံ၏အချို့နေရာများတွင် စစ်ဆင်မှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။  

“ ကျွန်တော်တို့ရဲ့ ဦးစားပေးက လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုပါ။ သူတို့မှာ အပစ်အခတ်ရပ်စဲရေးရှိရမယ်။ လူသားချင်းစာနာမှုဆိုင်ရာအစီအစဥ်တွေကို ကူညီပေးနေတဲ့ ဝန်ထမ်းအားလုံးရဲ့ ဘေးကင်းမှုကို သေချာစေရမယ်” ဟု အန်ဝါကပြောကြားခဲ့သည်။

အာဆီယံ ၁၀ ဖွဲ့သည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် နစကခေါင်းဆောင်နှင့် သဘောတူထားသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာရန်ပျက်ကွက်သည့်အ တွက် မြန်မာအာဏာရ ဗိုလ်ချုပ်များကို အစည်းအဝေးများတက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

“အာဆီယံရဲ့ ရပ်တည်ချက်ကတော့ သဘောတူညီချက်ငါးချက်ကိုအခြေခံပြီး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းရာမှာ ကျွန်တော်တို့ပိုမိုပါဝင်သင့်တယ်” ဟု အန်ဝါက အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ရည်ညွှန်းပြီး ပြောကြားသည်။

Ref: Bangkok Post

#ယနေ့ခေတ်

အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် နစကကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.