ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ကူမင်းမြို့သို့ရောက်ရှိနေသည့် PSLF/TNLA ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေးအပါအဝင် နယ်မြေဒေသငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏စီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ယနေ့ ဖေ ဖော်ဝါရီလ ၁၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ရောက်ရှိနေပြီဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးအပါအဝင် နယ်မြေဒေသငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ ဆွေးနွေးမယ့်ကိုယ်စားလှယ်အဖွဲ့တွေလည်းရောက်ပြီ။ တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ပါပဲ။ အပစ်အခတ်ရပ်စဲရေးကိုပဲ အဓိကဆွေးနွေးသွားမှာပါ။” ဟု တပ်မတော်အရာရှိတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ PSLF ကိုယ်စားလှယ်အဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စား လှယ်ကိုးဦးတက်ရောက်မည်ဖြစ်ကာ၊ မြန်မာကိုယ်စားလှယ်ဖက်မှ MNDAA ကိုးကန့်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် ဖေဖော်ဝါရီ ၁၆ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများစတင်မည်ဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – PSLF/TNLA
#ယနေ့ခေတ်
အပစ်အခတ်ရပ်စဲရေးအပါအဝင် နယ်မြေငြိမ်းချမ်းရေးအတွက် PSLF နှင့်ဆွေးနွေးမည်ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်