တဲလ်အဗစ်၊ မတ် ၂၂
နိုဝင်ဘာလက အပစ်အခတ်ရပ်စဲရေးသဘောတူချက် အသက်ဝင်ပြီးနောက် အစ္စရေးနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ဒုံးကျည်များပစ်လွှတ်ခဲ့ပြီးနောက် လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု အစ္စရေးကပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း လူတစ်ဦးသေဆုံးခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လက်ဘနွန်ရှိ အကြမ်းဖက်ပစ်မှတ်များကို ပြင်းထန်စွာအရေးယူရန် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)အား ညွှန်ကြားထားကြောင်း ပြောကြားသည်။
အစ္စရေးမြောက်ပိုင်းမြို့ Metula တွင် စနေနေ့နံနက်က ဒုံးကျည်သုံးစင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း IDF က အစောပိုင်းတွင်ပြောကြားခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး ဟုဆိုသည်။ ယခုအချိန်အထိ မည်သည့်အဖွဲ့က ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ကြောင်း ဝန်ခံထားခြင်းမရှိဘဲ လက်ဘနွန်ဝန်ကြီးချုပ်က ၎င်း၏နိုင်ငံအား စစ်ပွဲအသစ်သို့ ဆွဲခေါ် ခြင်းမပြုရန် သတိပေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် အီရန်ကျောထောက်နောက်ခံပေးထားသော လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟဇ်ဘိုလာနှင့် ၁၄ လကြာ တိုက်ပွဲများအဆုံးသတ်ခဲ့သည်။
လက်ဘနွန်ရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့က “အကြမ်းဖက်မှုများ တိုးလာနိုင်ခြေရှိသောကြောင့် စိုးရိမ်နေရသည်။” ဟုပြောကြားပြီး၊ အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံစလုံးက ၎င်းတို့၏ကတိကဝတ်များကိုလိုက်နာရန် တိုက်တွန်းခဲ့သည်။
လက်ဘနွန်ဒေသတွင်းသတင်းများအရ နိုင်ငံတောင်ပိုင်းရှိ နေရာအချို့သို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ လက်ဘနွန်စစ်တပ်ကပစ်ချနိုင်ခဲ့သည့် “ရှေးဟောင်းဒုံးလောင်ချာသုံးစင်း”ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု လက်ဘနွန်စစ်တပ်က ပြောကြားသည်။
#BBC
#ယနေ့ခေတ်
အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အစ္စရေးက လက်ဘနွန်ကို ပထမဆုံးအကြိမ် ဒုံးကျည်နှင့် ပစ်ခတ်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်