ဘာလင်၊ ဧပြီ ၂၈
တရုတ်နိုင်ငံအနေဖြင့် အနောက်အုပ်စုနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးများရရှိစေလိုလျှင် ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံကို ကူညီထောက်ပံ့ပေးနေခြင်းအား ရပ်တန့်ရမည်ဖြစ်ကြောင်း နေတိုးမဟာမိတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ချ်က ပြောသည်။
နေတိုးအဖွဲ့အကြီးအကဲဖြစ်သူက တရုတ်နိုင်ငံ၏အကူညီများသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအစိုးရအတွက် အဓိကအရေးပါသောနေရာမှပါဝင်နေကြောင်း semiconductors ကဲ့သို့သော အဆင့်မြင့်နည်းပညာများကို မျှဝေပေးနကြောင်း ပြောသည်။
နေတိုးအဖွဲ့အကြီးအကဲက “ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ရုရှားဟာ တရုတ်နိုင်ငံထံကနေ မိုက်ခရို အက်လက်ထရောနစ်ပစ္စည်း ၉၀ ရာခိုင်နှုန်းကို တင်သွင်းနေတယ်။ အဲဒီပစ္စည်းတွေကို ဒုံးကျည်တွေ၊ တင့်ကားတွေနဲ့ တိုက်လေယာဉ်တွေ ထုတ်လုပ်ဖန်တီးရာမှာ အဓိကထားအသုံးပြုတယ်။ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံကို ဂြိုလ်တုအသုံးပြုခွင့်နဲ့ ဓါတ်ပုံတွေရရှိအောင် ကူညီထောက်ပံ့ပေးနေတယ်။ တရုတ်နိုင်ငံဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရလိုတယ်လို့ပြောတယ်။ လက်ရှိအချိန်မှာ တရုတ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်မှာဖြစ်လာတဲ့ အကြီးမားဆုံးစစ်ပွဲမှာပါဝင်လာနေတယ်။” ဟု ပြောသည်။
တရုတ်နိုင်ငံဘက်မှ ရပ်တည်မည်ဆိုလျှင် အနောက်အုပ်စုနိုင်ငံများ၏ ဆန့်ကျင့်ခြင်းခံရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
နေတိုးအဖွဲ့အကြီးအကဲက “ ကျွန်တော်တို့ဟာ အတိတ်တုန်းက ရုရှားနိုင်ငံထုတ် ရေနံနဲ့ဓါတ်ငွေတွေအပေါ် မှီခိုခဲ့ရတဲ့အမှားတွေ ကျူးလွန်ခဲ့တယ်။ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကို ဒီလိုအမှားမျိုးကို ထပ်မံမဖြစ်စေချင်ဘူး။” ဟု ပြောသည်။
အမေရိကန်နိုင်ငံ၏ ပစ်မှတ်ထားပိတ်ဆို့ခြင်းကို ရင်ဆိုင်ခဲ့ရပြီး နောက်တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း အပြန်အလှန်ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
en-freshnewsasia-com
အနောက်အုပ်စုနှင့် ဆက်ဆံရေးကောင်းမွန်လိုလျှင် ရုရှားကိုထောက်ပံ့ပေးခြင်းများ ရပ်တန့်ရမည်ဟု တရုတ်ကို နေတိုးအဖွဲ့သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်