အနောက်အုပ်စုနိုင်ငံများ၏ စစ်ရေးနည်းပညာများက ရုရှားကိုအနိုင်ရရန် ကူညီပေးနိုင်ဖွယ်ရှိနေဟု ယူကရိန်းသမ္မတ ဆို

ကိဗ်၊ ဧပြီ ၁၀

ယူကရိန်းနိုင်ငံအနေဖြင့် ပြီးခဲ့သောနှစ်က ရုရှားနိုင်ငံအပေါ် ပြုလုပ်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုများ မအောင်မြင်ခဲ့သော်လည်း စစ်ဆင်မှုအသစ်များ ထပ်မံလုပ်ဆောင်ရန် စီစဉ်နေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အနောက်အုပ်စုနိုင်ငံများ၏ စစ်ရေးနည်းပညာများသည် ရုရှားနိုင်ငံကို အနိုင်ရယူနိုင်ရန် အကူညီပေးမည်ဟု ယုံကြည်ကြောင်း၊ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယူကရိန်းသမ္မတ ဇီလန်စကီးက “ ရုရှားနိုင်ငံမှာ လူတွေနဲ့ စစ်လက်နက်ပစ္စည်းတွေရှိနေတယ်။ ဒါပေမယ့် အနောက်အုပ်စုနိုင်ငံတွေမှာ ခေတ်မီလက်နက်စနစ်တွေရှိနေတယ်။ ကျွန် တော်တို့ဟာ မိတ်ဖက်နိုင်ငံတွေထံကနေ လိုင်စင်နဲ့ ထုတ်လုပ်ခွင့်ရမယ်ဆိုရင် လူအင်အားအများအပြား မလိုအပ်တော့ဘူး၊ ကျွန်တော်တို့ဟာ အရည်သွေးကောင်းမွန်တဲ့ စစ်လက် နက်ပစ္စည်းတွေ ပိုမိုရလာဖွယ်ရှိပါတယ်။” ဟု ပြောသည်။

အနောက်အုပ်စုနိုင်ငံများသည် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန်အတွက် ယူကရိန်းစစ်သားများ စစ်လက်နက်ပစ္စည်းများအသုံးပြုပုံ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

ယူကရိန်းသည် ရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားသော နယ်မြေဒေသလေးခုကို ပြန်လည်သိမ်းပိုက်နိုင်ရန်ဆုံးဖြတ်ထားပြီး ပြီးခဲ့သောနှစ်တွင် ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုသည် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ၊ ငွေ ကြေးများကူညီပေးခဲ့သည်။

အမေရိကန်နှင့် အနောက်အုပ်စုသည် ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေပြီး ယူကရိန်းကလည်း အကူညီများထပ်မံပေးရန် အကူညီတောင်းခံထားဆဲဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

unn.ua/en/news

အနောက်အုပ်စုနိုင်ငံများ၏ စစ်ရေးနည်းပညာများက ရုရှားကိုအနိုင်ရရန် ကူညီပေးနိုင်ဖွယ်ရှိနေဟု ယူကရိန်းသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.