မော်စကို၊ ဇွန် ၂၃
အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး မျှော်လင့်ထားသလို အသီးပွင့်များမရဘူးဆိုပါက ယူကရိန်းသမ္မတ ဇီလန်စကီးကို ရာထူးမှ ဖြုတ်ချဖွယ်ရှိနေကြောင်းရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဇီလန်စကီး၏ ယူကရိန်းသမ္မတသက်တမ်းသည် မေလ ၂၀ ရက်နေ့တွင် ကုန်ဆုံးသွားခဲ့သော်လည်း သမ္မတအဖြစ်ဆက်လက်တာဝန်ယူနေရာ အငြင်းပွားမှုများ၊ ဝေဖန်မှုများရှိနေကြောင်း သိရသည်။
ယူကရိန်းသမ္မတသည် ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲကြောင့် စစ်ဥပဒေထုတ်ပြန်ထားပြီး ရွေးကောက်ပွဲကျင်းပမည့်ရက်ကို အတိကျထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ရုရှားသမ္မတက “ ယူကရိန်းကို ကူညီထောက်ပံ့ပေးနေတဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ သမ္မတဇီလန်စကီးကို ဖြုတ်ချဖွယ်ရှိနေပါတယ်။ ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာသမ္မတကို အချိန်အကြာကြီးတာဝန်ယူခွင့်ပေးထားတာမျိုးမရှိဘူး။ ရွေးကောက်ခံလွှတ်တော်အမတ်တွေဟာ သမ္မတရဲ့အာဏာကို ထိန်းသိမ်းရဖွယ်ရှိနေပါတယ်။ သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာကို ယူကရိန်းလွှတ်တော်ဥက္ကဌကို လွှဲပြောင်းပေးသင့်တယ်။” ဟု ပြောသည်။
ရုရှားသမ္မတက ၎င်းအနေဖြင့် လာမည့်နှစ်ဝက်အတွင်း ယူကရိန်းသမ္မတ ဇီလန်စကီးနေရာမှာ အစားထိုးဖွယ်ရှိနေကြောင်း ပြောသည်။
ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲကအချိန် ၃ နှစ်အတွင်းရောက်ရှိလာချိန်တွင် အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးသလို ရုရှားနိုင်ငံအပေါ် အနိုင်ယူနိုင်စွမ်းမရှိသေးကြောင်း သိရသည်။
ထိုအတွက်ကြောင့် အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းသမ္မတ ဇီလန်စကီး၏စွမ်းဆောင်ရည်ကို မေးခွန်းထုတ်နေပြီး စိတ်ပျက်နေကြောင်း သတင်းများလည်းထွက်ပေါ်နေ သည်။
ကောင်းထက်ငွေ
bignewsnetwork.com/news
အနောက်အုပ်စုနိုင်ငံများက ယူကရိန်းသမ္မတကို မကြာခင်ဖြုတ်ချဖွယ်ရှိနေဟု ရုရှားသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်