အနောက်နိုင်ငံများမှကူညီမည့် F-16s တိုက်လေယာဉ်များ လာမည့်သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံသို့ ရောက်ရှိလာဖွယ်ရှိနေ

ကိဗ်၊ မေ ၁၄

ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံထုတ် F-16s တိုက်လေယာဉ်များကို ပထမဆုံးအကြိမ် လက်ခံရရှိဖွယ်ရှိနေကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို F-16s တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးမည်ဟု ကတိပြုထားသည့်အတိုင်း လာမည့်သီတင်းပတ်အတွင်း ပံ့ပိုးပေးဖွယ်ရှိနေကြောင်း သိရသည်။

ဗြိတိန်အခြေစိုက် Evening Standard သတင်းဌာနက ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်များအတွင်း အနောက်အုပ်စုနိုင်ငံများမှ အကူအညီပေးမည့် တိုက်လေယာဉ်များကိုလက်ခံရရှိမည်ဟု ဖော်ပြထားသည်။

ရုရှားနှင့် စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းအစိုးရသည် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများအား F-16s တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

သို့သော်လည်း ယူကရိန်းကို မည့်သည့်နိုင်ငံများမှ F-16s တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးမည့်ဆိုသောအချက်ကို အဆိုပါဗြိတိန်သတင်းဌာနက ဖော်ပြခြင်းမျိုးမရှိခဲ့ပေ။

နယ်သာလန်အစိုးရက ၎င်းတို့သည် ယူကရိန်းကို F-16s တိုက်လေယာဉ်များ ကူညီပေးမည်ဟု ကတိပြုခဲ့ဖူးပြီး၊ ယခုနှစ် နှစ်လည်ပိုင်းတွင် F-16s တိုက်လေယာဉ်များ ကူညီပေးသွားမည်ဖြစ်ကြောင်း အစောပိုင်းကပြောဆိုခဲ့ဖူးသည်။

လက်ရှိအချိန်တွင် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းလေယာဉ်မှူးများအား F-16s တိုက်လေယာဉ်များ ကျွမ်းကျင်စွာမောင်းတတ်စေရန် ပြီးခဲ့သောနှစ်က သင်ကြားပေးခဲ့ကြောင်း သိရသည်။

အနောက်အုပ်စုနိုင်ငံများမှ ယူကရိန်းလေယာဉ်မှူးများအားလုံး F-16s တိုက်လေယာဉ်များ လေ့ကျင့်သင်ကြားပေးသောအစီအစဉ် အလုံးစုံပြီးဆုံးခါနီးနေချိန်တွင် F-16s တိုက်လေ ယာဉ်များကူညီပေးမည့်သတင်းများ ထပ်မံထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အနောက်အုပ်စုနိုင်ငံများက ယူကရိန်းကို F-16s တိုက်လေယာဉ်အစီးရေ ၄၀ ကူညီပေးမည်ဟု ကတိပြုထားကြောင်း သိရသည်။

ကောင်းထက်ငွေ

rt.com/news

အနောက်နိုင်ငံများမှကူညီမည့် F-16s တိုက်လေယာဉ်များ လာမည့်သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံသို့ ရောက်ရှိလာဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.