အထည်ချုပ်ကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၄

အလုပ်အကိုင်အခွင့်အလမ်း အများဆုံးပေးထားနိုင်သည့် အထည်ချုပ်ကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာကို ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအ သင်းမှ သိရသည်။

ကိုဗစ်ကာလအလွန် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပြည်ပနိုင်ငံများသို့ လူငယ်အများစု ထွက်ခွာသွားကြခြင်းကြောင့် ပြည်တွင်း၌ လုပ်သားရှားပါးမှုပြဿနာကို ကြုံတွေ့နေရခြင်းဖြစ်ကြာင်း သိရသည်။

“ အဓိကတော့ လုပ်သားရှားပါးမှုပြသနာပေါ့။ အခက်အခဲကတော့ရှိကြတာပေါ့။ ရေကြည်ရာမြက်နု‌ရာပေါ့။ အခု အထည်ချုပ်နဲ့ပတ်သက်ပြီး သင်တန်းပေးနေတာတွေရှိတယ်။ ဒါပေမယ့် ကျွမ်းကျင်လုပ်သားအဆင့်တော့ မဟုတ်ဘူးပေါ့။ ကျွမ်းကျင်လုပ်သားအဆင့်ရောက်ဖို့ဆိုတာ အချိန်တော့ယူရမှာပေါ့။” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဂျပန်၊ တရုတ်၊ အီးယူနှင့် အမေရိကန်အပါအဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်နေကြောင်း သိရ သည်။

အထည်ချုပ်လုပ်ငန်းတွင် ၉ သိန်းနီးပါး ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး၊ လက်ရှိတွင်လည်း တရုတ်နိုင်ငံမှ အထည်ချုပ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်နေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – Yangon Directory

#ယနေ့ခေတ်

အထည်ချုပ်ကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.