အက်စ်တာနာ၊ ဒီဇင်ဘာ ၂၅
အဇာဘိုင်ဂျန်နိင်ငံမှ ရုရှားနိုင်ငံသို့ပျံသန်းသော ခရီးသည်တင်လေယာဥ်တစ်စီးသည် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ပျက်ကျခဲ့ခြင်းကြောင့် ခရီးသည်အားလုံးသေဆုံးမည်ကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။
လေယာဥ်သည် ကာဇက်စတန်နိုင်ငံ၊ အက်တာယူမြို့အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဥ်ပေါ်တွင် ခရီးသည် ၆၇ ဦးနှင့် လေယာဥ်ဝန်ထမ်း ၅ ဦး လိုက်ပါသွားခဲ့ကြောင်း သိရ သည်။
လေယာဥ်ပျက်ကျခဲ့ပြီးနောက် မီးလောင်မှုများဖြစ်ခဲ့ကြောင်း လေယာဥ်တွင်လိုက်ပါခဲ့သူ အားလုံးအနက် ၁၂ ဦး အသက်ရှင်ဖွယ်ရှိကြောင်း ကာဇက်စတန်အာဏာပိုင်များက ပြော သည်။
ကာဇက်စတန်အာဏာပိုင်များသည် အင်ဂျင်ချို့ယွင်းမှုအပါအဝင် လေယာဥ်ပျက်ကျရသော အကြောင်းအရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
လေယာဥ်သည် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှ ရုရှားနိုင်ငံ၊ ချေချင်းညာရှိ ဂရက်နီဒေသကို ပျံသန်းချိန်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ တင်ပို့ထားရကြောင်း ကာဇက်စတန်အာဏာပ်ုင်များက ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
အဇာဘိုင်ဂျန်မှ ရုရှားသို့ပျံသန်းမည့် လေယာဥ်ပျက်ကျ လူပေါင်း ၆၀ နီးပါးသေဆုံးဖွယ်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်