ရန်ကုန်၊ သြဂုတ် ၂၃
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၈) ရပ်ကွက်၊ ဗထူးအိမ်ရာ၌ ဖမ်းဆီးခံခဲ့ရသည့် အဆိုတော်ဗျူဟာအား ယနေ့ နံနက်တွင် ထောင်ဒဏ်အနှစ်၂၀ ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူအသိုင်းအဝိုင်းမှ သိရသည်။
ယနေ့ နံနက်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ စစ်ခုံရုံး၌ အဆိုတော်ဗျူဟာအား ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။
“ ငါ့ မိန်းမလေးနေမကောင်းဖြစ်နေတာပဲ၊ အနားမှာပဲနေပြီး ဂရုစိုက်ပေးမယ်ဆိုပြီး အခုတော့နှစ် ၂၀ တဲ့လား။ ဘာများလုပ်မိလို့ပါလဲ” ဟု ဗျူဟာ၏ ဇနီးဖြစ်သူက သူ့၏ဖေ့ဘုတ် စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။
အဆိုတော်ဗျူဟာသည် မေ ၂၃ ရက်၊ ညပိုင်းက လျှပ်စစ်မီးမမှန်သည့်ကိစ္စနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌ Live လွှင့်ကာ ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပြီးနောက် နေ အိမ်၌ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အဆိုတော် ဗျူဟာအား ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၂၄ က တို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုထောင်ဒဏ်အနှစ် ၂၀ ချမှတ်သည်မှာ မည်သည့်ပြစ်မှုများဖြင့် ချမှတ်ခဲ့သည်ကို မသိရှိရသေးပေ။
ဂျူဂျူး
ဓာတ်ပုံ – အင်တာနက်
အဆိုတော် ဗျူဟာကို ယနေ့နံနက်တွင် ထောင်ဒဏ်အနှစ် ၂၀ ချမှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်