ရန်ကုန်၊ စက်တင်ဘာ ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိအချို့ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ ယခုရက်ပိုင်းတွင် ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယခုရက်ပိုင်းအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး ငါးဦး၊ နိုင်ငံခြားသုံးငွေ ကြီးကြပ် ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးနှင့် ဘဏ်အချို့မှ တာဝန်ရှိသူများအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု ထွက်ပေါ်နေသောသ တင်းများအရ သိရသည်။
“ စားသုံးသူရေးရာဦးစီးဌာနက အရာရှိကြီးတွေက ကုန်စျေးနှုန်းတက်နေတာကို စျေးကွက်အတွင်း စစ်ဆေးမှုအားနည်းလို့ စစ်ဆေးခံနေတယ်လို့တော့ကြားတယ်။ ဗိုလ်မှူးချုပ် ရန် နောင်စိုးကတော့ ဒေါ်လာစျေးကိစ္စတွေနဲ့ စစ်ဆေးခံနေရပြီး အဲ့တာရဲ့ နောက်ဆက်တွဲအနေနဲ့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေး ဝင်ကစားတဲ့ ဘဏ်အချို့က တာဝန်ရှိသူတွေကိုလည်း စစ်ဆေးနေတယ်လို့ ကြားတယ်။ တခြားစီးပွားရေးလုပ်ငန်းရှင်တွေလည်းပါတယ်။ စစ်ဆေးခံနေရသူ ၁၀ ဦးအထက်မှာရှိမယ်။” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဌာနဆိုင်ရာမှ အဆင့်မြင့်အရာရှိအချို့နှင့် ဘဏ်တာဝန်ရှိသူများအပြင် စားသုံးဆီ၊ စက်သုံးဆီ၊ ဆန်နှင့် ပြောင်းလုပ်ငန်းရှင်များလည်း ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန် ထုတ်ဝေမည် ဆိုသောသတင်းနှင့်အတူ ဒေါ်လာစျေး၊ ရွှေစျေး၊ စားအုံးဆီစျေးနှုန်း အပါအဝင် စျေးကွက်အတွင်းရှိ ကုန်စည်အားလုံးနီးပါး အဆမတန်စျေးမြင့်တက်မှု ဖြစ်ပွားပြီးနောက် ဩဂုတ်လဆန်းပိုင်းမှစ၍ စျေးကစားသည်ဟုဆိုကာ ကုန်သည်များ၊ လုပ်ငန်းရှင်များအား ဖမ်းဆီးစစ်ဆေးမှု များ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ထိုသို့ ပြုလုပ်သော်လည်း ကုန်စျေးနှုန်းမှာ သိသိသာသာကျဆင်းမှုမရှိခဲ့ဘဲ စျေးကစားသူဟု ဆိုသူများအား စစ်ဆေးမှုပြုလုပ်ရသည့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အ ထူးစုံစမ်းရေးဦးစီးဌာန (စသုံးလုံး) ညွှန်ချုပ်နေရာအား စက်တင်ဘာ ၇ ရက်က အပြောင်းအလဲ ပြုလုပ်ခဲ့သကဲ့သို့ ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိအချို့အပါအဝင် စီးပွားရေးလုပ် ငန်းရှင်များအား ယခုရက်ပိုင်း၌ ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
စာသုံးဆီစျေးကျဆင်းစေရန် နိုင်ငံတော်ကဆောင်ရွက်ပေးခဲ့သော်လည်း ဝိသမလောဘသားများကြောင့် စျေးမြင့်တက်ခဲ့ပြီး ယခုအခါ ထိုက်သင့်သည့် အရေးယူမှုများ လုပ်ဆောင် ခဲ့၍ စျေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း ယမန်နေ့က လားရှိုးမြို၊ မြို့တော်ခန်းမတွင် နစက ဥက္ကဌက တက်ရောက်လာသူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာတွင် သတင်းဖော်ပြထားသည်။
မောင်ဇော်
ဓာတ်ပုံ – နိုင်ငံပိုင်မီဒီယာ
ပုံစာ- နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန် နောင်စိုးအား ယခုနှစ်အတွင်း အခမ်းအနားတစ်ခု၌ တွေ့ရစဉ်။
အဆင့်မြင့်အရာရှိအချို့အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ ဖမ်းဆီးစစ်ဆေး ခံနေရ ကြောင်း သတင်းများထွက်ပေါ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်