အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် အနည်းဆုံးလူပေါင်း ၃၉ ဦး ထပ်မံသေဆုံး

ဂါဇာ၊ ဇွန် ၂၄

ဂါဇာမြောက်ပိုင်းကို အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၉ ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း ပါလက်စတိုင်းအစိုးရ တာဝန်ရှိသူများနှင့် ဆေးရုံတာဝန်ရှိသူများက ပြောသည်။

ဂါဇာဒေသရှိ al-Ahli Hospital ဆေးရုံဒါရိုက်တာက ဆေးရုံကိုလူသေရုပ်အလောင်း သုံးဒါဇင်ကျော်ရောက်ရှိလာခဲ့ကြောင်း ပြောဆိုထားသည်။

ဂါဇာဒေသရှိ ရှာတီဒုက္ခသည်စခန်းတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်သူများကို အပျက်စီးများကြားမှ ဆွဲထုတ်ခဲ့ရသလို သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း ဆွဲထုတ်နေရကြောင်း သိရသည်။

အစ္စရေးသည် ဂါဇာဒေသကို ပြီးခဲ့သောရက်ပိုင်းတွင် အရှိန်မြင့်တိုက်ခိုက်နေရာ ပြီးခဲ့သောရက်ပိုင်းကလည်း ရာဖယ်မြို့တောင်ပိုင်းတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၂၅ ဦးသေဆုံးကာ ၅၀ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါအဖြစ်ပျက်ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်အကြာတွင် ရှာတီဒုက္ခသည်စခန်းမှာ တိုက်ခိုက်မှုထပ်မံဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၃၉ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်က ၎င်းတို့သည် ဂါဇာမြို့တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုထားသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲက ၈ လကျော်ကြာမြင့်နေသော်လည်း အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမျိုးမရှိဘဲ တိုက်ပွဲများဆက်လက်ဖြစ် ပွားနေဆဲဖြစ်ကြောင်း သိရသည်။

အစ္စရေးသည် ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် ဂါဇာဒေသနှင့် ရာဖယ်မြိ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ သေဆုံးသူအရေအတွက် မြင့်တက်လာနေပြီး အ နည်းဆုံးလူပေါင်း ၄ သောင်း သေဆုံးထားကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ကောင်းထက်ငွေ

apnews.com

အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် အနည်းဆုံးလူပေါင်း ၃၉ ဦး ထပ်မံသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.