အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာတွင် ၃၄ ဦး ထပ်မံသေဆုံး

ဂါဇာ၊ နိုဝင်ဘာ ၁၈

အစ္စရေးသည် ဂါဇာကိုဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေရာ နိုဝင်ဘာ ၁၇ ရက်နေ့က ဂါဇာမြောက်ပိုင်းရှိ  Beit Lahia ဒေသမှ ငါးထပ်တိုက်အဆောက်အဦးကို ဗုံးကြဲခဲ့ရာ အနည်းဆုံးလူပေါင်း ၃၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဂါဇာ အရပ်သားကာကွယ်ရေးအေဂျင်စီက သေဆုံးသူအများစုသည် အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း၊ အဆောက်အဦးအပျက်စီးများအောက်တွင် လူပေါင်းဒါဇင်ချီ ထပ်မံရှိနေမည်ကို စိုးရိမ်ကြောင်း ပြောသည်။

အစ္စရေးက ၎င်းတို့သည် ဂါဇာရှိ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟားမက်များ ပြန်လည်စုဖွဲ့ခြင်းကိုရပ်တန့်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြောသည်။

ဂါဇာ အရပ်သားကာကွယ်ရေးအေဂျင်စီက “ ဂါဇာမှာ ပစ်ခတ်မှုတွေ၊ အမြှောက်တွေနဲ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအခွင့်အလမ်းလျော့နည်းလာနေတယ်။” ဟု ပြောသည်။

အစ္စရေးစစ်တပ်က ၎င်းတို့သည် ဂါဇာမြောက်ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ Jabalia ဒေသနှင့် Beit Lahia ဒေသများကို တိုက် ခိုက်နေကြောင်း သိရသည်။

အစ္စရေးသည်အဆိုပါဒေသကို အကြမ်းဖက်စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ဂါဇာစစ်ပွဲရပ်တန့်ရန် တိုက်တွန်းနေသော်လည်း အစ္စရေးက တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com

အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာတွင် ၃၄ ဦး ထပ်မံသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.