တဲလ်အဗစ်၊ ဇန်နဝါရီ ၂၁
အစ္စရေးပြည်သူများသည် ဇန်နဝါရီ ၂၀ ရက်နေ့က ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်သောအစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်ရန် မြို့တော် တဲအဲဗစ်မြို့တွင် ဆန္ဒပြတောင်းဆိုခဲ့ ကြောင်း သိရသည်။
ဆန္ဒပြသူများက အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုဦးဆောင်သော အစ္စရေးအစိုးရအဖွဲ့သည် နိုင်ငံလုံခြုံရေးနှင့်ပတ်သက်ပြီး ကိုင်တွယ်မှုမှားယွင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲအသစ်ကို အမြန်ဆုံး ကျင်းပပေးစေလိုကြောင်း တောင်းဆိုခဲ့သည်ဟု သိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်လက်နက်ကိုင်အုပ်စုသည် အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံတဝှမ်းတွင် အစိုးရဆန့်ကျင့်ရေးဆန္ဒပြပွဲများ မကြာခဏဖြစ်ပွားခဲ့ပြီး၊ ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်သောအစိုးရအဖွဲ့က ဖိအားများအောက်ရောက်ရှိနေကြောင်း သိရသည်။
အစ္စရေးအစိုးရသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်နှင့် ဖမ်းဆီးခံထားရသူများ ပြန်လွှတ်မြောက်စေရန်အတွက် ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပြီး ပါလက်စတိုင်းလူမျိုးအနည်းဆုံး နှစ်သောင်းကျော်သေဆုံးထားရာ နိုင်ငံတကာဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အစ္စရေးနိုင်ငံသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံတကာတရားရုံးတွင် တရားစွဲခံနေရကြောင်း သိရသည်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုအပေါ် တိုက်ခိုက်နေသည့် ဂါဇာစစ်ပွဲသက်တမ်း ၄ လနီးပါးရှိလာချိန်တွင် ဝန်ကြီးချုပ်နေတန်ရာဟုအပေါ် ပြည်သူများ၏ထောက်ခံမှု ကျဆင်းလာ နေကြောင်း မကြာသေးမီကထုတ်ပြန်သော စစ်တမ်းများတွင် ဖော်ပြထားသည်။
စစ်ပွဲကိုရပ်တန့်ရန် နိုင်ငံတကာအဖွဲ့စည်းများက တောင်းဆိုနေသော်လည်း အစ္စရေးအစိုးရသည် ၎င်းတို့ရည်မှန်းချက်အတိုင်း ဆက်လက်တိုက်ခိုက်ရန် စီစဉ်နေကြောင်း သိရသည်။
ဆန္ဒပြသူများက အစ္စရေးခေါင်းဆောင်များကို လက်ရှိထက် ပိုမိုကောင်းမွန်သော ခေါင်းဆောင်မျိုးနှင့် အစားထိုးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စရေးအတိုက်ခံအုပ်စုများက ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်ပါဝင်မှုမရှိသော အစ္စရေးညွှန်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စရေးဆန္ဒပြသူများသည် ဟားမက်စ်အုပ်စုလက်ထဲတွင် ဖမ်းဆီးခံရသူများ ဘေးကင်းစွာဖြင့် ပြန်လည်လွတ်မြောက်စေရန် တောင်းဆိုနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အစ္စရေးအစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဆောင်ရန် အစ္စရေးပြည်သူများ တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်