အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၏ ဇနီးဖြစ်သူကို စုံစမ်းစစ်ဆေးရန် အစ္စရေးရှေ့နေချုပ် အမိန့်ပေး

တဲလ်အဗစ်၊ ဒီဇင်ဘာ ၂၇

ဝန်ကြီးချုပ်နေတန်ရာဟုအား အကျင့်ပျက်လာဘ်စားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေချိန်တွင် သက်သေတစ်ဦးကို ဆာရာနေတန်ရာဟုက သြဇာလွမ်းမိုးရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အစ္စရေးရှေ့နေချုပ်ဖြစ်သူ မာရီယာက ဝန်ကြီးချုပ်နေတန်ရာဟု၏ ဇနီးဖြစ်သူ ဆာရာနေတန်ရာကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးရှေ့နေချုပ် မာရီယာက “ သက်သေကို ဟန့်တားနှောက်ယှက်ဖို့ကြိုးပမ်းတဲ့ သံသယရှိမှုနဲ့ ဝန်ကြီးချုပ်ရဲ့ဇနီးကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့တာပါ။ အမှန်တရားနဲ့ တရားမျှတမှုကို နှောက်ယှက်ဟန့်တားဖို့ ကြိုးပမ်းခဲ့တာလည်းဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးဟာ လူတိုင်းနဲ့သက်ဆိုင်တယ်။ တရားစီရင်ရေးလုပ်ငန်းစဉ်ကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုမှန်သမျှကို စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်။” ဟု ပြောသည်။

ဆာရာနေတန်ရာဟုသည် ဝန်ကြီးချုပ်နေတန်ရာဟု၏ အမှုနှင့်ပတ်သက်ပြီး အဓိကသက်သေနှင့် အဓိကနိုင်ငံရေးပြိုင်ဘက်ဟောင်းများကို ဆန္ဒပြမည့်အဖွဲ့ ဖွဲ့စည်းရန် ၎င်း၏လက် ထောက်ဟောင်းဖြစ်သူကို ညွှန်ကြားခဲ့ကြောင်းစွပ်စွဲချက်များထွက်ပေါ်နေသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအား အကျင့်ပျက်လာဘ်စားမှုနှင့်ပတ်သက်ပြီး ၂၀၂၀ ခုနှစ်တွင် စတင်စစ်ဆေးခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်က စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး ၎င်းအပေါ် နိုင်ငံရေးဆန်သော ရည်ရွယ်လုပ်ကြံခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ထိုအပြင် အစ္စရေးဝန်ကြီးချုပ်က ပြီးခဲ့သောရက်ပိုင်းကကျင်းပခဲ့သော လီကွတ်ပါတီအစည်းအဝေးအတွင်း ဇနီးဖြစ်သူကို ကာကွယ်ပြောဆိုခဲ့ပြီး ၎င်းတို့မိသားစုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ကာ အခြေအမြစ်မရှိကြောင်း တုံ့ပြန်ထားသည်။

ကောင်းထက်ငွေ

apnews.com

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၏ ဇနီးဖြစ်သူကို စုံစမ်းစစ်ဆေးရန် အစ္စရေးရှေ့နေချုပ် အမိန့်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.