အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် အစ္စရေးအစိုးရတာဝန်ရှိသူများကို ဖမ်းဝရမ်းထုတ်မည့်အစီအစဉ် နောက်ဆုတ်သွားဖွယ်ရှိနေ

နယ်သာလန်၊ ဇွန် ၂၉

အမေရိကန်နိုင်ငံ၏ ဖိအားပေးမှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)သည် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူများကို ဖမ်းဝရမ်းထုတ်မည့်အစီအစဉ်ကို နောက်ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

(ICC) တရားရုံးတရားသူကြီးများသည် ဝန်ကြီးချုပ်နေတန်ရာဟု၊ အစ္စရေးကာကွယ်ရေးဝန်ကြီးတို့ကို ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်မည့်အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းများရှိခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး (ICC) တရားရုံး၏ စီရင်ဆုံးဖြတ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ငြင်းချက်ထုတ်ခဲ့ရာ (ICC) တရားရုံးတရားသူကြီးများက အစီအစဉ်ကိုရွှေ့ ဆိုင်းလိုက်ကြောင်း သိရသည်။

(ICC)တရားရုံးသည် ပါလက်စတိုင်းများကျူးလွန်သော ရာဇဝတ်မှုများကို စီရင်ဆုံးဖြတ်ခြင်းမလုပ်ဆောင်ဘဲ အစ္စရေးနိုင်ငံသားများကို စီရင်ဆုံးဖြတ်ခြင်းက ဖြစ်သင့်သလားဟု ဗြိတိန်နိုင်ငံက မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

ဗြိတိန်အစိုးရက ICC တရားရုံး၏ရှေ့နေများသည် အစ္စရေးနိုင်ငံသားမျာကို ဖမ်းဝရမ်းထုတ်ရန်ကြိုးပမ်းမှုများသည် Oslo Accords.ကိုချိုးဖောက်ရာရောက်မည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။

အမေရိကန်လွှတ်တော်အမတ်များကလည်း အစ္စရေးအစိုးရတာဝန်ရှိသူများကို ဖမ်းဝရမ်းထုတ်မည်ဆိုလျှင် ICC တရားရုံးတာဝန်ရှိသူများကို ပိတ်ဆို့မှုချမှတ်မည်ဖြစ်ကြောင်း မကြာသေးမိက သတိပေးပြောဆိုခဲ့သည်။

ICC တရားရုံး၏ရှေနေ့တစ်ဦးဖြစ်သူ ကာရင်ခန်က အစ္စရေးဝန်ကြီးချုပ်အပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူများကို ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ရန် တင်ပြလျှောက်ထားခဲ့ကြောင်း သိရသည်။

ICC တရားရုံး တရားသူကြီးများသည် ဗြိတိန်နိုင်ငံ၏တင်ပြချက်များကို လက်ခံစစ်ဆေးခဲ့ပြီးနောက် နေတန်ရာဟုအပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူများအား ဖမ်းဝရမ်းထုတ်မည့်အမိန့်ချမှတ်မှုကို လအတန်ကြာနောက်ဆုတ်သွားဖွယ်ရှိနေကြောင်း သိရသည်။

ကောင်းထက်ငွေ

albertonpost.co.za/news

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် အစ္စရေးအစိုးရတာဝန်ရှိသူများကို ဖမ်းဝရမ်းထုတ်မည့်အစီအစဉ် နောက်ဆုတ်သွားဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.