ဝါရှင်တန်၊ နိုဝင်ဘာ ၂၂
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်းထုတ်ခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန်ပြစ်တင်လိုက်သည်။
ICC သည် ပြီးခဲ့သောဇူလိုင်လတွင်းက သေဆုံးခဲ့သော ဟားမက်စ်ခေါင်းဆောင် မိုဟမ်မက်ဒိဖ့်အပြင် အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဂယ်လန့်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန် ရာဟုတို့ကို ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဝရမ်းထုတ်ခံရသူများသည် အစ္စရေးနှင့် ဟားမက်စ်ကြားဖြစ်ပွားသော ဂါဇာစစ်ပွဲအတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အဓိကတာဝန်ရှိသူများဖြစ်သည်ဟု ယုံကြည်ရသည့်အတွက် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ICC တရားသူကြီးများက ပြောသည်။
ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့သည် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ဖမ်းဝရမ်းထုတ်ခြင်းနှင့်ပတ်သက်ပြီး သဘောထားအမြင်ကွဲလွဲနေကြောင်း သိရသည်။
ဥရောပတိုက်ရှိ နိုင်ငံအများစုက ICC ၏ဆုံးဖြတ်ချက်ကို လေးစားစာရာကောင်းကြောင်း ပြောသည်။
အမေရိကန်နိုင်ငံ၏ မဟာမိတ်ဖြစ်သော ဗြိတိန်အစိုးရကိုယ်တိုင်က ICC ၏ဆုံးဖြတ်ချက်များကို လေးစားကြောင်းပြောသည်။
သို့သော်လည်း အမေရိကန်သမ္မတက “ ICC ရဲ့လုပ်ရပ်တွေဟာ ညီမျှမှုမရှိဘူး။ ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံဘက်ကနေ အမြဲတမ်းရပ်တည်သွားမယ်။ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်သူများကို အစ္စရေးနိုင်ငံအတူ ရပ်တည်ဖြေရှင်းသွားမယ်။” ဟု ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်တို့သည် ICC ၏စွပ်စွဲချက်မျာကို ငြင်ဆန်းပယ်ချထားကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက သည်ဟိတ်မြို့၏ တရားရုံးဆုံးဖြတ်ချက်သည် ခေတ်သစ် Dreyfus စုံစမ်းစစ် ဆေးမှုလိုမျိုးဖြစ်နေပြီး အဆုံးသတ်ရန်ကြိုးပမ်းမည်ဟု ပြော သည်။
ကောင်းထက်ငွေ
bbc.com
အစ္စရေးဝန်ကြီးချုပ်ကိုဖမ်းဝရမ်းထုတ်သော ICC ၏ဆုံးဖြတ်ချက်က လက်ခံနိုင်ဖွယ်မရှိဟု အမေရိကန်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်