အစ္စရေးမှာ နိုင်ငံတကာ၏ ထောက်ခံမှုများ ဆုံးရှုံးနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃

အစ္စရေးနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံတကာ၏ ထောက်ခံအာပေးမှုများ ကျဆင်းဆုံးရှုံးနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးပြောဆို လိုက်သည်။

ဒီဇင်ဘာ ၁၂ရက်နေ့က ကျင်းပခဲ့သော ကုလသမဂ္ဂအစည်းအဝေးတွင် ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲရန် တိုက်တွန်းတောင်းဆိုမှုများ ထပ်မံဖြစ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတ က အစ္စရေးနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံတကာ၏ ထောက်ခံအာပေးမှုများ ကျဆင်းဆုံးရှုံးနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးပြောဆိုလိုက်သည်။

ဟားမက်စ်လက်နက်ကိုင်အုပ်စုကို တိုက်ခိုက်ရာတွင် ပါလက်စတိုင်းပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မသက်ဆိုင်သောပြည်သူများ ထိခိုက်သေဆုံးမှုရှိလာခဲ့ခြင်းနှင့် ပတ် သက်ပြီး သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၂ ရက်နေ့က ကျင်းပခဲ့သော ကုလသမဂ္ဂအစည်းအဝေးအတွင်း အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲ အပစ်အခတ်ရပ်စဲရန် တောင်းဆို ထားသည့် မူကြမ်းနှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ နိုင်ငံပေါင်း ၁၅၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ကာ၊ နိုင်ငံပေါင်း ၂၃ နိုင်ငံက ကြားနေရပ်တည်ခဲ့ပြီး၊ ကန်ကွက်မဲပေးခဲ့သောနိုင်ငံ ၈ နိုင်ငံရှိခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးဟာ အမေရိကန်နိုင်ငံအပေါ် မှီခိုနေရတယ်။ လက်ရှိအချိန်မှာတော့ အစ္စရေးဟာ အမေရိကန်နိုင်ငံထက် အခြားနိုင်ငံတွေအပေါ်လည်း အားထားသင့်တယ်။ အထူးသဖြင့် အစ္စရေးဟာ ဥရောပသမဂ္ဂရဲ့ ကူညီထောက်ပံ့ပေးမှု ရသင့်တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အစ္စရေးဟာ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက် နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာ ထောက်ခံအားပေးမှုတွေ ဆုံးရှုံးနေရတယ်။” ဟု ပြောသည်။

သမ္မတဂျိုးဘိုင်ဒန်က “ ဝန်ကြီးချုပ် နေတန်ရာဟု ဦးဆောင်နေတဲ့ လက်ရှိအစိုးရအဖွဲ့ဟာ အစ္စရေးနိုင်ငံသမိုင်းမှာ ကွန်ဆာဗေးတစ်အယူဆအားသန်တဲ့ဝန်ကြီးတွေ အများဆုံးပါဝင် နေတယ်။ ဝန်ကြီးချုပ်ဟာ ဒီအချက်ကို ပြောင်းလဲရမယ်။ ဒေသအတွင်း စုစည်းညီညွှတ်မှုတွေဖြစ်လာဖို့ အခွင့်ရေးကောင်းတွေကို စတင်သင့်တယ်။” ဟု ပြောသည်။

ဂါဇာဒေသစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံသည် အစ္စရေးကို လိုအပ်သောအကူအညီများပေးနေပြီး ပြီးခဲ့သောရက်ပိုင်းကလည်း အစ္စရေးကို တင့်ကားကျည်ဆံများ ရောင်းချပေးရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

#ကောင်းထက်ငွေ

aljazeera.com

#ယနေ့ခေတ်

အစ္စရေးမှာ နိုင်ငံတကာ၏ ထောက်ခံမှုများ ဆုံးရှုံးနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.