ဂါဇာ၊ နိုဝင်ဘာ ၂၈
အစ္စရေးနိုင်ငံနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့တို့သည် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု နောက်ဆုံးရက်တွင် ဖမ်းဆီးထားသူများကို အပြန်အလှန်လွှတ်ပေးခဲ့ပြီး အစ္စရေးအစိုးရက ပါလက်စတိုင်းအကျဉ်းသား ၃၃ ဦး၊ ဟားမက်စ် လက်နက်ကိုင်အဖွဲ့က ဓားစားခံအဖြစ်ဖမ်းဆီးထားသူ ၁၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် ဖမ်းဆီးထားသူများကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကပြန်လွှတ်ပေးသူများထဲတွင် အစ္စရေး-ပြင်သစ် နိုင်ငံသားခံယူထားသူ သုံးဦး၊ ဂျာမနီ-အစ္စရေးနိုင်ငံသားခံယူထားသူ နှစ်ဦး၊ အာဂျင်တီးနားနှင့် အစ္စရေးနိုင်ငံသားအဖြစ်ခံယူထားသူ ငါးဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုအပြင် အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘာတူညီမှုအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းအကျဉ်းသားများအပြင် သီးခြားသဘောတူညီမှု များအရ နိုင်ငံခြားသားများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲထားချိန်အတွင်း အမျိုးသမီးများနှင့် ကလေးငယ်များကို အဓိကထား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ကာတာ၊ အီဂျစ်နှင့် အမေရိကန်နိုင်ငံတို့သည် ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား ယာယီအပစ်ခတ်ရပ်စဲရေးရှိစေဖို့ ကြားဝင်ဆောင်ရွက်ခဲ့ပြီး ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ရယူနိုင်ခဲ့ကြောင်း သိရသည်။
အစ္စရေးနိုင်ငံသည် ဟားမက်စ် လက်နက်ကိုင်အဖွဲ့နှင့် နှိုင်းယှဉ်ပါက အကျဉ်းသား ၃ ဆ ပိုလွှတ်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာယီအပစ်ခတ်ရပ်စဲရေးကာလအတွင်း အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား ၁၅၀ ကျော် ပြန်လွှတ်ပေးခဲ့ပြီး၊ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်က အကျဉ်းသား ၅၀ နီးပါး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား အပစ်ရပ်လေးရက်မြောက်နေ့တွင် အကျဉ်းသားများ အပြန်အလှန်ပြန်လွှတ်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်