အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုများ အဆုံးသတ်

ဂါဇာ၊ မေ ၂၀

ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အစ္စရေးရုပ်သံသတင်းဌာနတစ်ခုဖြစ်သော ကန်သတင်းဌာနက အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲအဆုံးသတ်ရန် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရဘဲတွေ့ဆုံဆွေးနွေးပွဲများ ရပ်နားသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန်အတွက် အီဂျစ်နှင့် ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးခဲ့ပြီး၊ ပြီးခဲ့သောသီတင်းပတ်များအတွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟားမက်စ်လက်နက်ကိုင်အုပ်စုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြား စစ်ပွဲများစတင်ခဲ့ပြီးနောက် အ မေရိကန်၊ ကာတာ၊ အီဂျစ်နိုင်ငံတို့က စစ်ပွဲများအဆုံးသတ်နိုင်ရန် ကြားဝင်စေ့စပ်ပေးခဲ့သော်လည်း သိသာတိုးတက်သောအခြေနေများ မဖြစ်လာခဲ့ကြောင်း သိရသည်။

အစ္စရေးသတင်းဌာနက “ တွေ့ဆုံဆွေးနွေးပွဲများဟာ လက်ရှိအချိန်မှာ ဖြစ်လာနိုင်ဖွယ်မရှိတော့ပါဘူး။ အီဂျစ်နဲ့ ကာတာနိုင်ငံတို့ဟာ ဟားမက်စ်အဖွဲ့က တောင်းဆိုတဲ့အရာတွေကို ဦးစားပေးလုပ်ကိုင်လိုတဲ့အတွက် အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှု မဖြစ်နိုင်တော့ဘူး။ စစ်ပွဲအဆုံးသတ်ရေးအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ တစ်ဖက်နဲ့ တစ်ဖက် မတူညီကြ ဘူး။” ဟု ပြောသည်။

အစ္စရေးအစိုးရသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့က တောင်းဆိုခဲ့သော ဟားမက်စ်အဖွဲ့ဝင်များ ပြန်လွှတ်ပေးရေးအချက်ကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။

အစ္စရေးသတင်းဌာနတစ်ခုဖြစ်သော Haaretz ကလည်း စေ့စပ်ဆွေးနွေးမှုများသည် မျှော်လင့်သလောက် တိုးတက်မှုမရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကောင်းထက်ငွေ

rt.com/news

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုများ အဆုံးသတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.