ဂါဇာ၊ ဒီဇင်ဘာ ၁
အစ္စရေးနှင့် ဟားမစ်က် လက်နက်ကိုင်အဖွဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးပြီးနောက် တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်က ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် အစ္စရေးပိုင်နက်များကို ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ၇ ရက်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်များကို ချိုးဖောက်ခဲ့ ကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ယာယီအပစ်ခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက် ပြန်ပေးဆွဲခံရထားသူရများ အပြန်အလှန်လွှတ်ပေးခြင်း၊ လူသားချင်းဆိုင်ရာ စာနာမှုအကူညီများ ပေးခွင့်ပြုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အစ္စရေးအစိုးရက ဂါဇာဒေသမှ အစ္စရေးနိုင်ငံဘက်ခြမ်းသို့ ရော့ကတ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။ အစ္စရေးအစိုးရက စွပ်စွဲပြောဆိုခဲ့သော်လည်း ဟားမက်စ်အဖွဲ့ က ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
ကာတာနှင့် အီဂျစ်အစိုးရတို့သည် ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး ယာယီအပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ရန် အရှိန်မြင့်ကြိုးပမ်းခဲ့ပြီး အပစ်ခတ်ရပ်စဲရေး နောက်ဆုံးရက်တွင် အစ္စရေးအစိုးရက ပါလက်စတိုင်းအကျဉ်းသား ၃၀ ဦးကို ပြန်လွှတ်ပေးခဲ့သလို ဟားမက်စ် လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲထားသူ ၈ ဦး ထပ်မံလွှတ်ပေးခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၏ အကြံပေး Mark Regev က “ ကျွန်တော်တို့ ဖြစ်နိုင်ဖွယ်အားလုံးကို လုပ်ဆောင်သွားမယ်။ တိုက်ခိုက်မှုတွေလည်း ပြန်လည်လုပ်ဆောင်သွား ဖွယ် ရှိပါတယ်။” ဟု ပြောသည်။
အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားခဲ့သော ဂါဇာဒေသစစ်ပွဲအတွင်း အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၅,၀၀၀ ကျော် သေဆုံး ခဲ့ကြောင်း သိရသည်။
အစ္စရေးသည် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်ကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်စတင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်