အစ္စရေးနှင့် ဟားမက်စ်ကြား ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး အစီအစဉ်ကို နိုဝင်ဘာ ၂၄ ရက်နေ့အထိ စတင်နိုင်ဖွယ်မရှိသေး ဟုဆို

တဲလ်အဗစ်၊ နိုဝင်ဘာ ၂၃

အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေးသည် နိုဝင်ဘာ ၂၄ ရက်နေ့အထိ ဖြစ်လာ နိုင်မည်မဟုတ်သေးကြောင်း အစ္စရေး အမျိုးသားလုံခြုံရေး အကြံပေးအရာရှိက ထုတ်ဖော်ပြောဆိုသည်။

အစ္စရေးနှင့် ဟားမက်စ်တို့သည် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်နှင့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ ပေးနိုင်ရန်အတွက် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲထားရန် နိုဝင်ဘာ ၂၂ ရက်နေ့က သဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါ လေးရက်ကြာ အပစ်အခတ်ရပ်စဲထားချိန်အတွင်း ဟားမက်စ် လက်နက်ကိုင်အုပ်စုသည် ၎င်းတို့ဖမ်းဆီးထားသူများအနက်မှ အနည်းဆုံးလူပေါင်း ၅၀ ကို ပြန်လွှတ်ပေးရ မည်ဖြစ်သလို အစ္စရေးကလည်း ၎င်းတို့ဖမ်းဆီးထားသည့် အကျဉ်းထောင်များရှိ ပါလက်စတိုင်းလူမျိုး ၁၅၀ ကို ပြန်လွှတ်ပေးရမည်ဖြစ်သည်။

အစ္စရေး အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ Tzachi Hanegbi က “ ပြန်ပေးဆွဲခံထားရသူတွေ ပြန်လွှတ်ပေးရေးအတွက် စေ့စပ်ဆွေးနွေးမှုတွေ တိုးတက်မှုတော့ရှိပါတယ်။ ဒါပေမယ့် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးဟာ နှစ်ဖက်စလုံးက သဘောတူညီမှုအတိုင်း စတင်လုပ်ဆောင်မှာဖြစ်တယ်။ အဲဒီအ တွက်ကြောင့် လာမယ့်နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ စတင်နိုင်မှာမဟုတ်သေးဘူး။” ဟု ပြောသည်။

ကာတာနှင့် ဟားမက်စ် လက်နက်ကိုင်အုပ်စုသည် သဘောတူညီချက်စာချုပ်ကို လက်ရှိအချိန်အထိ လက်မှတ်မထိုးသေးသည့်အတွက် ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ရေး အစီ အစဉ်က နှောင့်နေးခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးရုပ်သံသတင်းဌာန Kan ကဖော်ပြထားသည်။

ဖမ်းဆီးထားသူများ အပြန်အလှန်အလဲလှယ် ပြုလုပ်ရေးသည် မည့်သည့်ရက်တွင် စတင်မည်ဆိုသည်ကို နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဟားမက်စ် လက်နက်ကိုင်အုပ်စုသည် အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်သားများအပါအဝင် လူပေါင်း ၂၄၀ ကျော်ကို ဖမ်း ဆီးထားကြောင်း သိရသည်။

#ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

အစ္စရေးနှင့် ဟားမက်စ်ကြား ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး အစီအစဉ်ကို နိုဝင်ဘာ ၂၄ ရက်နေ့အထိ စတင်နိုင်ဖွယ်မရှိသေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.