ဘေရွတ်၊ ဒီဇင်ဘာ ၄
အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အုပ်စုကြား ယာယီအပစ်ခတ်ရပ်စဲပြီးနောက် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်လာချိန်တွင် အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် လက်နက်ကိုင် အဖွဲ့ ဟစ်ဘိုလာအုပ်စုကြားလည်း အပြန်အလှန်ပစ်ခတ်မှု သုံးရက်ဆက်တိုက် ဖြစ်ပွားနေခဲ့ကြောင်း သိရသည်။
ဟစ်ဘိုလာအုပ်စုသည် တင့်ကားဖျက် ဒုံးကျည်များဖြင့် အစ္စရေးမြောက်ပိုင်း Beit Hillel ဒေသရှိ ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးစစ်သားများ ဒဏ်ရာရခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောသည်။
အစ္စရေးသည် ဟစ်ဘိုလာအုပ်စုရှိနေသည့် လက်ဘနွန်နိုင်ငံဘက်ခြမ်းကို အမြှောက်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ဟစ်ဘိုလာအုပ်စုက ၎င်းတို့သည် အစ္စရေးစစ်အခြေစိုက်စခန်းများကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်အခတ်ရပ်စဲချိန် ကာလအတွင်း အစ္စရေးနှင့် လက်ဘနွန်နယ်စပ်ဒေသတွင် တည်ငြိမ်မှုများရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် စစ်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားနေခဲ့ကြောင်း သိရသည်။
ဟစ်ဘိုလာအုပ်စုသည် ဟားမက်စ် လက်နက်ကိုင်အုပ်စု၏ မဟာမိတ်အဖွဲ့အစည်းဖြစ်ရာ အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတည်းက အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟစ်ဘိုလာအုပ်စုတို့သည် ၂၀၀၆ ခုနှစ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟစ်ဘိုလာအုပ်စုကြား ပစ်ခတ်မှုသည် နှစ်ပေါင်း ၁၇ နှစ်အ တွင်း အဆိုးရွားဆုံး ဖြစ်နေကြောင်း သိရသည်။
အစ္စရေး၏ပစ်ခတ်မှုများကြောင့် ဟစ်ဘိုလာတပ်ဖွဲ့ဝင် အနည်းဆုံး ၈၃ ဦးသေဆုံးထားကြောင်း သိရသည်။
ဟစ်ဘိုလာအုပ်စုသည် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့ များထဲတွင် ခေတ်မီလက်နက်များနှင့် လူအင်အားအများဆုံးရှိနေသည့် အဖွဲ့အစည်းဖြစ်ရာ အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် စစ်ပွဲထဲကိုတိုက်ရိုက်ပါဝင်လာမည်ကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။
အစ္စရေးနှင့် ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကြား သုံးရက်ဆက်တိုက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားလာပြီး စစ်ပွဲအရှိန်မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်