ဝါရှင်တန်၊ ဇွန် ၂၅
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် တင်းမာမှုများကို လျော့ချနိုင်ရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရသည်။
အန်တိုနီဘလီကန်သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ပြန်ပေးဆွဲခံရသူများ အမြန်ဆုံးပြန်လွှတ်မြောက်စေရန်အတွက် အစ္စရေးကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် ဂါဇာစစ်ပွဲအပြင် အစ္စရေးနှင် ဟစ်ဘိုလလက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ဆွေနွေးခဲ့ကြောင်း သိရ သည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲ စတင်ပြီးချိန်နောက်ပိုင်းတည်းက ဟစ်ဘိုလာအုပ်စုသည် အစ္စရေးနိုင်ငံဘက်ခြမ်းကိုပစ်ခတ်ခဲ့ရာ လက်ရှိအချိန်တွင် အစ္စရေးက ဟစ်ဘိုလာအုပ်စုကို လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်ထိုးစစ်ဆင်နွဲမှုများလုပ်ဆောင်ရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၃၇,၆၂၆ ဦးသေဆုံးခဲ့ကာ လူပေါင်း ၈၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ လက်ထဲတွင် ဖမ်းဆီးခံထားရသော လူပေါင်း ၁၂၀ ကျော် ပြန်လွှတ်မြောက်စေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၂၅၀ ကျော်ကိုဖမ်းဆီးခဲ့ရာ လက်ရှိအချိန်တွင် ဖမ်းဆီးထားသူများ အမြန်ဆုံးပြန်လွှတ်မြောက်စေရန်အတွက် အစ္စရေးအစိုးရက လိုလားနေကြောင်း သိရသည်။
ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုကြား စစ်ပွဲများထပ်မံဖြစ်လာမည်ဆိုလျှင် အရှေ့အလယ်ပိုင်းဒေသအတွင်း မတည်ငြိမ်မှုများ ပိုမိုဖြစ် လာမည်ကို အမေရိကန်အစိုးရက စိုးရိမ်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
france24.com/en
အစ္စရေးနှင့် ဟစ်ဘိုလာအုပ်စုကြားဖြစ်ပွားနေသည့် တင်းမာမှုများကိုလျော့ချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်