ဘေရွတ်၊ နိုဝင်ဘာ ၂၈
အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးရရှိခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံသားထောင်ချီသည် နိုင်ငံတောင်ပိုင်းကိုပြန်လာခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား တစ်နှစ်ကျော်ကြာ အပြန်အလှန်တိုက်ခိုက်မှုများကို အပစ်အခတ်ရပ်စဲရန်အတွက် အမေရိကန်၊ ပြင်သစ်တို့က ကြားဝင်စေ့စပ်ဆွေးနွေးခဲ့ပြီး အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး ရယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အပစ်အခတ်ရပ်စဲရေးရယူနိုင်ကြောင်း သတင်းထုတ်ပြန်ခဲပြီးနောက် ဒေသခံများသည် မိမိတို့နေရပ်ကို ပြန်လာခဲ့ခြင်းဖြစ်ပြီး လက်ဘနွန်နိုင်ငံအတွင်းရှိ နေရာအများအပြားမှ ဒေသခံများသည် နေရပ်ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့တို့သည် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲထားခြင်းဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရန်လိုတိုက်ခိုက်မှုများကို အမြဲတမ်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသည်။
အပစ်အခတ်ရပ်စဲရေး ရယူနိုင်ခဲ့သော်လည်း အစ္စရေးစစ်သားများသည် လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် ဆက်လက်ရှိနေပြီး ရက်ပေါင်း ၆၀ အတွင်း ပြန်ရုတ်သိမ်းဖွယ်ရှိနေကြောင်း သိရသည်။
လက်ဘနွန်စစ်တပ်က အစ္စရေးနှင့်နယ်စပ်ဒေသတွင်ရှိနေသည့် ဟစ်ဘိုလာအဖွဲ့များအစား ဝင်ရောက်ဖွယ်ရှိနေပြီး လက်ဘနွန်တောင်ပိုင်းကို လက်ဘနွန်စစ်သား ၅၀၀၀ ဖြန့်ကြတ်ချထားသွားဖွယ်ရှိနေကြောင်း သိရသည်။
လက်ဘနွန်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော အစ္စရေးနိုင်ငံမြောက်ပိုင်းတွင် နေထိုင်နေသူအချို့က အပစ်အခတ်ရပ်စဲရေးရယူခြင်းကို မကျေမနပ်ဖြစ်နေကြောင်း မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းများတွင် ဖော်ပြထားသည်။
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းကိုမလာရန် သတိပေးနေသော်လည်း ဒေသခံများသည် လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ပြန်လာနေကြောင်း သိရသည်။
ကောင်းထက်ငွေ
bbc.com
အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲပြီးနောက် ထောင်နှင့်ချီသောလက်ဘနွန်နိုင်ငံသားများ နေရပ်ပြန်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်