အစ္စရေးနှင့် ပါလက်စတိုင်း စစ်ပွဲနှင့်ဆက်နွယ်ပြီး အီတလီနှင့် ပြင်သစ်တွင် အကြမ်းဖက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံနေရ

ဗင်းနစ်၊ အောက်တိုဘာ ၁၈

အစ္စရေးနှင့် ပါလက်စတိုင်း စစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနှင့် အနောက်အုပ်စုနိုင်ငံများအပေါ် ပြစ်တင်ဆန္ဒပြမှုများ မြင့်တက်နေချိန်တွင် အီတလီနိုင်ငံရှိ ဂျူးစာသင်ကျောင်းကို ဗုံးဖြင့်တိုက်ခိုက်မည်ဆိုသော ခြိမ်းခြောက်မှုကြောင့် ကျောင်းသားများကို ဘေးလွှတ်ရာသို့ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဂျုးစာသင်ကျောင်းတွင် စာသင်ကြားနေသူများကို ဗုံးခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများရှိလာခဲ့ပြီးနောက် ကျောင်းသားများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ရောမမြို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရဲတပ်ဖွဲ့နှင့် အနံ့ခံခွေးများသည် ဂျူးစာသင်ကျောင်းနားတွင် ဗုံးများကို ရှာဖွေခဲ့ပြီး စာသင်ကျောင်းရှိနေသည့် လမ်းပတ်ဝန်းကျင်ကို ပိတ်ဆို့ခဲ့ ကာ လူအများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြောသည်။

ထိုအပြင် ပြင်သစ်နိုင်ငံ၏ လေဆိပ်ခြောက်ခုတွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်မှုများကြောင့် ခရီးသည်များကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက်နေ့က ဂါဇာဒေသရှိဆေးရုံ တိုက်ခိုက်ခံရပြီးနောက် အာရပ်နိုင်ငံများကြား စိတ်ဆိုးဒေါသဖြစ်မှု မြင့်တက်လာနေပြီး အစ္စရေးကို ဝေဖန်ပြစ်တင်နေကြောင်း သိရသည်။

တူနီးရှားနိုင်ငံတွင် ပြီးခဲ့သော အောက်တိုဘာ ၁၇ ရက်နေ့က အမေရိကန်နှင့် ပြင်သစ်သံရုံး အပြင်ဘက်တွင် ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့သလို အီရန်နိုင်ငံတွင်လည်း ဗြိတိန်နှင့် ပြင်သစ် သံရုံးများ အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံတွင်လည်း အောက်တိုဘာ ၁၇ ရက်နေ့က ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သောအောက်တိုဘာ ၁၆ ရက်နေ့က အမေရိကန်တစ်ဦးသည် အသက် ၆ နှစ်အရွယ် ပါလက်စတိုင်း လူငယ်တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် ပါလက်စတိုင်းကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် အရှိန်မြင့်တက်လာနေပြီး ဂါဇာဒေသအပေါ် တိုက်ခိုက်နေသည့် အစ္စရေး၏လုပ်ရပ်များကို အရှေ့အလယ်ပိုင်းဒေသ အတွင်းရှိ နိုင်ငံများ၏အစိုးရများကိုယ်တိုင် ဝေဖန်ပြစ်တင်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net

Photo: Reuters

#ယနေ့ခေတ်

အစ္စရေးနှင့် ပါလက်စတိုင်း စစ်ပွဲနှင့်ဆက်နွယ်ပြီး အီတလီနှင့် ပြင်သစ်တွင် အကြမ်းဖက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.