ဘေရွတ်၊ ဇွန် ၂၄
အီရန် နိုင်ငံ၏ကျောထောက်နောက်ခံရရှိထားသော အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့များသည် အစ္စရေးနိုင်ငံကိုတိုက်ခိုက်ရန် ဟစ်ဘိုလာအုပ်စုဘက်မှ ပူးပေါင်းပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။
အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုတို့သည် ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိချိန်မှာ အလုံးစုံစစ်ပွဲဖြစ်လာမည့် အခြေနေရှိကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် ၎င်းနိုင်ငံဘက်ခြမ်းကို ရော့ကဒ်ဒုံးကျည်များဖြင့် တိုက်ခိုက်နေသော ဟစ်ဘိုလာအုပ်စုများကို လေကြောင်းတိုက်ခိုက်ရုံသာမက မြေပြင်ထိုးစစ်ပါဆင်နွဲရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟစ်ဘိုလာအုပ်စုတို့သည် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟစ်ဘိုလာအုပ်စုကြားဖြစ်ပွားနေသည့် တင်းမာမှုများအရှိန်လျော့စေရန် အမေရိကန်အစိုးရက ကြားဝင်စေ့စပ်နေသော်လည်း မျှော်လင့်သလောက်ရလဒ်မကောင်းဘဲဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သော ၁၀ စုနှစ်အတွင်း လက်ဘနွန်၊ အီရတန်၊ အာဖန်ဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့များသည် ဆီးရီးယားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ဆီးရီးယားသမ္မတ အာဆက်ဒ် အလေးသာစေရန် ကူညီပေးခဲ့ဖူးကြောင်း သိရသည်။
လက်ရှိအချိန်တွင်လည်း အီရန်ကျောထောက်နောက်ခံပြုထားသော အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့များက အစ္စရေးနှင့် ဟစ်ဘိုလာအုပ်စုကြား အလုံးစုံစစ်ပွဲဖြစ်လာမည်ဆိုလျှင် ဟစ်ဘိုလာအုပ်စုဘက်မှ ပါဝင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲက အချိန် ၈ လကျော်ကြာနေသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ဟစ်ဘိုလာအုပ်စုသည် ပါလက်စတိုင်းများကို အားပေးထောက်ခံကြောင်းပြသမှုအဖြစ် ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက အစ္စရေးနိုင်ငံဘက်ခြမ်းကို တိုက်ခိုက်နေခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
apnews.com
အစ္စရေးနှင့်စစ်ဖြစ်မည်ဆိုလျှင် ဟစ်ဘိုလာအုပ်စုဘက်မှပါ ဝင်တိုက်ခိုက်ရန် အရှေ့အလယ်ပိုင်းလက်နက်ကိုင်အဖွဲ့များ လိုလားနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်