အစ္စရေးနိုင်ငံအနေဖြင့် အောက်တိုဘာ ၇ ရက်နေ့ကလို ထပ်မံမဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သော်လည်း အရပ်သားများကို ကာကွယ်ပေးရမည်ဟု အမေရိကန် ဆို

တဲလ်အဗစ်၊ နိုဝင်ဘာ ၄

အစ္စရေးနိုင်ငံအနေဖြင့် အောက်တိုဘာ ၇ ရက်နေ့တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်ခံရမှုမျိုး နောက်ထပ်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေရန် အရာရာတိုင်း လုပ်ကိုင်ရမည်ဖြစ်ဖြစ်သလို မိမိကိုယ်ကိုကာကွယ်ရန် တာဝန်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အန်တိုနီဘလီကန်သည် နိုဝင်ဘာ ၃ ရက်နေ့က အစ္စရေးသမ္မတ Isaac Herzog နှင့်ပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက “ အစ္စရေးနိုင်ငံဟာ ဒီရက်ပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကို မကြာခဏလာရောက်မှာဖြစ်ပြီး အစ္စရေးနိုင်ငံနဲ့အတူ စုစည်းညီညွှတ်စွာ ရပ်တည်သွားမှာပါ။ အစ္စရေးနိုင်ငံဟာ အောက်တိုဘာ ၇ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုမျိုး နိုင်ငံသမိုင်းမှာ နောက်ထပ်တစ်ကြိမ် မဖြစ် ပွားအောင် အရာရာတိုင်း လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။ အစ္စရေးဟာ အဲဒီလိုမျိုးလုပ်ဆောင်ဖို့ ဘာတွေလုပ်ဆောင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်ပါတယ်။ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ တိုက်ခိုက်ချိန်အတွင်း ဖမ်းဆီးခံရတဲ့ အရပ်သားတွေတွေကို ကာကွယ်ပေးနိုင်ရေးက အလွန်အရေးကြီးပါတယ်။ အမေရိကန်နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့ အတူတကွရပ်တည်သွားမယ်။ ကျွန်တော်တို့မှာ တူညီတဲ့ဆုံးဖြတ်ချက်ရှိနေပါတယ်။ ပြန်ပေးဆွဲခံထားရသူအားလုံးကို ဘေးကင်းစွာနဲ့ အိမ်ပြန်ပို့နိုင်ရေးအတွက် အရာရာတိုင်းလုပ် ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်းပြည်သူတွေကို ပိုမိုကာကွယ်ပေးဖို့လိုအပ်တယ်။” ဟု ပြောသည်။

အစ္စရေးသည် အောက်တိုဘာ ၇ ရက်နေ့တည်းက ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်ကို လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုများအပြင် မြေပြင်ထိုးစစ် ဆင်နွဲလျက်ရှိနေကြောင်း သိရသည်။

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၈၀၀၀ ကျော်သေဆုံးထားရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက အစ္စရေးကို တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးခွင့်ပြုရန် တိုက်တွန်းတောင်းဆိုလျက်ရှိနေကြောင်း သိရသည်။

သို့သော်လည်း အစ္စရေးနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ဂါဇာဒေသအပေါ် တိုက်ခိုက်မှုများရပ်တန့်ပြီး အပစ်ခတ်ရပ်စဲရေး တောင်းဆိုချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။

#ကောင်းထက်ငွေ

state.gov

#ယနေ့ခေတ်

အစ္စရေးနိုင်ငံအနေဖြင့် အောက်တိုဘာ ၇ ရက်နေ့ကလို ထပ်မံမဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သော်လည်း အရပ်သားများကို ကာကွယ်ပေးရမည်ဟု အမေရိကန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.