အစ္စရေးစစ်တပ်က ဂါဇာရှိဆေးရုံကို သတိမပေးဘဲတိုက်ခိုက် ဟုဆို

ဂါဇာ၊ ဒီဇင်ဘာ ၇

အစ္စရေးစစ်တပ်သည် ဂါဇာရှိ ကာမယ်အက်ဝမ်ဆေးရုံကို ဒီဇင်ဘာ ၅ ရက်နေ့က ဗုံးကြဲမတိုက်ခိုက်မီ ကြိုတင်သတိပေးခဲ့ခြင်း မရှိကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကပြော သည်။

ဂါဇာကို ပြီးခဲ့သောရက်ပိုင်းအတွင်း အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၃၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများထဲတွင် ဂါဇာတောင်းပိုင်းရှိ ဒုက္ခသည်စခန်းတွင် နေထိုင်သူများပါဝင်ခဲ့ပြီး အနည်းဆုံး ၂၀ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

ကာမယ်အက်ဝမ်ဆေးရုံ ဒါရိုက်တာက သေဆုံးသူများထဲတွင် ဆေးရုံဝန်ထမ်းများနှင့် အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးလည်းပါဝင်ခဲ့ကြောင်း ပြောသည်။

အစ္စရေးစစ်တပ်က စွပ်စွဲချက်များကိုငြင်းဆန်ထားပြီး ဂါဇာမြောက်ပိုင်းကဆေးရုံသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။

အစ္စရေးစစ်တပ်က “ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကာမယ်အက်ဝမ်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်တာမရှိဘူး။” ဟု ပြောသည်။

အစ္စရေးစစ်တပ်သည် ဂါဇာမြောက်ပိုင်းရှိ အကြမ်းဖက်သမားများနှင့် ၎င်းတို့အသုံးပြုသည့် အခြေခံအဆောက်အဦးများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

အစ္စရေးစစ်တပ်က ဟားမက်အုပ်စုသည် ဂါဇာဒေသရှိ ဆေးရုံအပါအဝင် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦးများကို စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုနေကြောင်း စွပ်စွဲထားသည်။

WHO တာဝန်ရှိသူတစ်ဦးက “ ဒီသီတင်းပတ်အတွင်းမှာပဲ လူတွေဟာ စိုးရိမ်ကြောက်ရွံ့မှုနဲ့ ဘာပဲဖြစ်နေဖြစ်နေ ထွက်ပြေးကြတယ်။” ဟု ပြောသည်။

ကာမယ်အက်ဝမ်ဆေးရုံ ဒါရိုက်တာက ဆေးရုံတွင်ရှိနေသော အင်ဒိုနီးရှားခွဲစိတ်ဆရာဝန်များနှင့် နေရပ်စွန့်ခွာသောသူများကို ဆေးရုံ့မှအမြန်ဆုံးထွက်ခွာရန် တိုက်တွန်းခဲ့ကြောင်း ပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com

အစ္စရေးစစ်တပ်က ဂါဇာရှိဆေးရုံကို သတိမပေးဘဲတိုက်ခိုက် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.