အစ္စရေးက ဂါဇာဒေသရှိ ကုလသမဂ္ဂစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်

ဂါဇာ၊ ဇွန် ၇

အစ္စရေး၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာမြို့လယ်ခေါင်ရှိ နေရပ်စွန့်ခွာနေရသူများ နေထိုင်နေရသည့် ကုလသမဂ္ဂ စာသင်ကျောင်းအဆောက်အဦး ဗုံးထိမှန်ခဲ့ပြီး လူပေါင်းအနည်း ဆုံး ၂၇ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောသည်။

အစ္စရေးစစ်လေယာဉ်များသည် Nuseirat ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းကို ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဂါဇာမြို့ခံများက ပြောသည်။

သို့သော်လည်း အစ္စရေးစစ်တပ်က အဆိုပါဒုက္ခသည်စခန်းနှင့် စာသင်ကျောင်းများတွင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့များရှိနေပြီး စာသင်ကျောင်းကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့ အသုံးပြုနေကြောင်း ပြောသည်။

ဟားမက်စ်အဖွဲ့ကတော့ အစ္စရေးသည် ကြောက်စရာကောင်းသော လူသတ်မှုများကို ကျူးလွန်နေကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင်တစ်ဦးက ကုလသမဂ္ဂစာသင်ကျောင်းထဲတွင် ဟားမက်စ်လက်နက်ကိုင်အုပ်စုများ ပုန်းနေသည်ဆိုသောအစ္စရေး၏ ပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားသည်။

အစ္စရေးစစ်တပ်က ၎င်းတို့သည် လေကြောင်းတိုက်ခိုက်ခြင်းများမလုပ်ခင် အရပ်သားများထိခိုက်မှုလျော့နည်းအောင်လုပ်ဆောင်ပြီး ခိုင်မာတိကျသော သတင်းအချက်လက်များကို အခြေခံကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သော အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်ဂါဇာစစ်ပွဲက အချိန်ကြာလာသည်နှင့်အမျှ သေဆုံးသူအရေအ တွက် ပိုမိုမြင့်တက်လာနေပြီး လူပေါင်း ၃၆,၅၈၀ ဦးသေဆုံးထားကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် အီဂျစ်၊ ကာတာ၊ အမေရိကန်နိုင်ငံတို့ ကြားဝင်ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်အထိ သ ဘောတူညီမှုမရသေးဘဲ အစ္စရေးကတိုက်ခိုက်မှုများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

အစ္စရေးက ဂါဇာဒေသရှိ ကုလသမဂ္ဂစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.