တဲလ်အဗစ်၊ ဇန်နဝါရီ ၁၄
ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂါဇာဒေသကို တိုက်ခိုက်နေသည့် အစ္စရေးကို မည့်သူမှတားဆီးနိုင်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန် ရာဟုက ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲက ရက်ပေါင်း ၁၀၀ ပြည့်သွားခဲ့ပြီဖြစ်ရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက အစ္စရေးနိုင်ငံကို ဖိအားပေးနေကြောင်း သိရသည်။
တောင်အာဖရိကနိုင်ငံသည် အစ္စရေးနိုင်ငံကို လူမျိုးသုန်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာတရားရုံးတွင် တရားစွဲခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်က “ ဂါဇာဒေသတောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ ပုံမှန်လုံခြုံရေးရယူနိုင်ချိန်အထိ လုပ်ဆောင်သွားမယ်။ အစ္စရေးနိုင်ငံကို ဘယ်သူမှရပ်တန့်လို့မရဘူး။ နိုင်ငံတကာ တရားရုံးလည်း အစ္စရေးနိုင်ငံကို ရပ်တန့်လို့မရဘူး။ မိစ္ဆာဝင်ရိုးတန်းအဖွဲ့လည်း တားဆီးလို့မရဘူး။ ဘယ်သူမှ အစ္စရေးကို တားဆီးလို့ရနိုင်မှာမဟုတ်ဘူး။ ဟားမက်စ်လက်နက်ကိုင် အဖွဲ့ကို နိုင်ပွဲရယူနိုင်ချိနိအထိ လုပ်ဆောင်စရာရှိတာတွေကို ထပ်မံလုပ်ဆောင်မယ်။” ဟု ပြောသည်။
မိစ္ဆာဝင်ရိုးတန်းအဖွဲ့ဟုဆိုရာတွင် အီရတ်၊ အီရန်နှင့်မြောက်ကိုရီးယားနိုင်ငံတို့ကို အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ့်က ရည်ညွှန်းပြောဆိုခဲ့ဖူးကြောင်း သိရသည်။
မြောက်ကိုရီးယားသည် စစ်ပွဲတွင်တိုက်ရိုက်မပါဝင်သော်လည်း စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးလျက်ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင်လည်း အစ္စရေးဝန်ကြီးချုပ်ရည်ညွှန်းသည့် မိစ္ဆာဝင်ရိုးတန်းအဖွဲ့သည် အီရန်၊ ဟစ်ဘိုလာ၊ ဟားမက်စ်၊ ဟူသီလက်နက်ကိုင်အုပ်စုများကို ရည်ရွယ်ပြောဆိုခြင်းဖြစ် ကြောင်း သိရသည်။
အစ္စရေးသည် ဂါဇာစစ်ပွဲကာလအတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင် ၂၅,၀၀၀ အနက် ၈,၀၀၀ နီးပါးကို ရှင်းလင်းထားနိုင်ကြောင်း သိရသည်။
အစ္စရေးတရားရေးဝန်ကြီးက နိုင်ငံတကာတရားရုံးတွင် တရားစွဲခြင်းရည်ရွယ်ချက်သည် ဂါဇာစစ်ပွဲတွင် တိုက်ခိုက်နေခြင်းများကို ရပ်တန့်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သို့သော် လည်း အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသကို တိုက်ခိုက်နေခြင်းအား ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကောင်းထက်ငွေ
timesofisrael.com
အစ္စရေးကို မည့်သူမှတားဆီးနိုင်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်